ကလေးမွေးဖွားတာဟာ လူသားတွေရဲ့အပြင်းထန်ဆုံး နာကျင်မှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကလေးမွေးဖွားတော့မယ့်အချိန်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် အရမ်းကိုအရေးကြီးပြီး ကျန်းမာရေးထောက်ပံ့ပေးမယ့်သူတစ်ဦးလောက်လည်း မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးသွားမယ့် အမျိုးသမီးကတော့ ဘာအကူအညီမှ မလိုအပ်ပဲ ကလေးတစ်ဦးကို လမ်းသွားရင်းနဲ့ အလွယ်တကူသာ မွေးဖွားသွားခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်ဟာ တရုတ်နိုင်ငံတောင်ပိုင်းက ရန်ဖုဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ ဈေးအတွင်း သစ်သီးဝလံများနဲ့ ဟင်းရွှက်များကို ဝယ်ယူနေရင်းနဲ့ ကလေးမွေးဖွားသွားခဲ့တာဖြစ်ပါတယ်။ စတင်ဖြစ်ဖြစ်ချင်းမှာ ထိုအမျိုးသမီးရဲ့ရေမွှာက ရုတ်တရက် ပေါက်ထွက်သွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ကလေးငယ်လေးပါ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။
ထိုအချိန်မှာ လမ်းသွားလမ်းလာများက အရေးပေါ်ကို အကြောင်းကြားခဲ့ရာ သူနာပြုတစ်ဦး ရောက်ရှိလာခဲ့ပြီး အစအဆုံး ကူညီပေးသွားခဲ့ပါတယ်။ ဒါပေမယ့် လမ်းသွားရင်း ကလေးမွေးခဲ့သူ အမျိုးသမီးကတော့ ဆေးရုံတတ်ဖို့ ငြင်းဆိုခဲ့ပြီး လက်တစ်ဖက်က မွေးကင်းစ ကလေးငယ်လေးကို ပိုက်ပြီး တစ်ဖက်က ဝယ်ထားတဲ့ ပစ္စည်းတွေကို ဆွဲကိုင်ကာ နေအိမ်ကိုသာ ပြန်သွားခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကို မြင်တွေ့ခဲ့ကြတဲ့ လမ်းသွားလမ်းလာများက ဗီဒီယိုမှတ်တမ်းတင်ပြီး အင်တာနက်စာမျက်နှာများပေါ်တွေမှာ ဖော်ပြခဲ့ကြရာ အတော်လေးကို နာမည်ကြီးနေခဲ့ရပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref:
0 comments:
Post a Comment