ဗီယက်နမ်နိုင်ငံက Trinh Thi Nghien လို့ အမည်ရတဲ့ အဘွားကတော့ သူ့မှာ ထူးခြားမှုအနေနဲ့ သုံးမီတာအထိရှည်လျားတဲ့ ဆံပင်ကြီးရှိနေတာပါ။သူ့ရဲ့ ဆံပင်ဟာ အတော်လေးသန်တာကြောင့် ဆံပင်ကို ခွေပြီးတင်ထားတဲ့အခါ ခေါင်းပေါ်မှာ မြွေကြီးတစ်ကောင်ခွေနေသယောင်တောင် ထင်မှတ်ရပါတယ်။ အသက် ၈၁ နှစ်အရွယ်အဘွားဟာ ဒီဆံပင်ကို လွန်ခဲ့တဲ့ ၂၂ နှစ်တည်းက စတင်ထားလာခဲ့တာဖြစ်ပြီး အခုအချိန်အထိ ဒီအရှည်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
Trinh Thi Nghien ရဲ့ ဆံပင်ကိုတော့ ဆံပင်နဂါးဆိုပြီး ဗီယက်နမ် ဆိုရှယ်လ်မီဒီယာတွေပေါ်မှာ လူပြောများနေကြပြီး ၁၉၉၅ အထိ အဘွားအိုဟာ ဆံပင်ကို ပုံမှန်အတိုင်းထားရှိခဲ့တာဖြစ်ပါတယ်။ အဘွားအိုကတော့ ဒီဆံပင်ကို ထားချင်လွန်းလို့ ထားထားရတာတော့မဟုတ်ရှာပါဘူး။ သူမရဲ့ ဆံပင်တွေဟာ ရှည်လာတိုင်း ဆံပင်တစ်ပင်နဲ့တစ်ပင် ရှုပ်ထွေးပြီး ရှည်လာတာကြောင့်သာ အခုလိုထားထားရတာပါ။ ခေါင်းဖြီးနဲ့လည်း ဖြီးလို့မရတာကြောင့် ဒီအတိုင်းထားခဲ့ပြီး ၊ ညှပ်တဲ့အခါတိုင်းမှာလည်း ဒီတိုင်းပဲ ပြန်ထွက်လာတာကြောင့်သာ ထားထားတာဖြစ်ပါတယ်။
ဆံပင်အရှည်ကြီးနဲ့ အလုပ်ရှုပ်ခံထားဖို့ဆိုတာ လွယ်ကူလှတယ်တော့မဟုတ်ပါဘူး။ သူမခေါင်းလျှော်တဲ့အခါမှာ တစ်နာရီကျော်ကြာလျှော်ရပြီး ၊ ခြောက်ဖို့ကို တစ်ရက်လောက်အထိ အချိန်ယူရပါတယ်။ သူမရဲ့ ဆံပင်အထွေးကြီးကတော့ အတော်လေးကို ကျစ်ပြီး Dreadlock ကျစ်ထားသလိုဖြစ်နေတာကြောင့် ခေါင်းလျှော်ဖို့လည်း ခက်ခဲတာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ သူမရဲ့ ရှုပ်ထွေးနေတဲ့ ဆံပင်မြှီးကြီးဟာ သူမရဲ့ သာမန်ဆံပင်တွေဖြူလာတာတောင်မှ အညိုရောင်ဖျော့ကနေ အရောင်ပြောင်းမသွားဘူးလို့လည်း သိရပါတယ်.။
Mocha
#knowledge.thithtoolwin.com
Ref
0 comments:
Post a Comment