အမေရိကန်နိုင်ငံ လော့အန်ဂျယ်လိစ့်မြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ ဧကခုနှစ်ထောင်ခန့်လောက်ကို ပျက်ဆီးဆုံးရှုံးစေခဲ့တဲ့အတွက် ဒီမြို့ရဲ့သမိုင်းတလျောက်မှာ အကြီးမားဆုံးနဲ့ အဆိုးရွှားဆုံး တောမီးလောင်ကျွမ်းမှုအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။
La Tuna လို့ နာမည်တပ်ဆိုထားခဲ့တဲ့ တောမီးလောင်ကျွမ်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်သမားဦးရေ တစ်ထောင်ကျော် ၊ မီးသတ်ကားပေါင်း အစီး နှစ်ရာကျော်နဲ့ ဟယ်လီကော်ပါတာ လေးစင်းနဲ့ တောမီးကို ငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါတောမီးဟာ နေရာတော်တော်များများကို ဝါးမျိုသွားခဲ့ပြီး အိမ်ခြေပေါင်းတစ်ရာကျော်နားအထိကိုပါ ရောက်ရှိခဲ့ရပါတယ်။
တောမီးအန္တရာယ်ကြောင့် လူပေါင်း ၁၄၀၀ကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးခဲ့ရပြီး မီးသတ်ဖွဲ့ဝင်လေးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဟာ ပြင်းထန်စွာ တိုက်ခိုက်နေတဲ့ လေပြင်းကြောင့် အခုလို သမိုင်းစံချိန်ဝင်သွားလောက်တဲ့အထိကို လောင်ကျွမ်းခဲ့ရတာဖြစ်ပြီး အဆိုပါတောမီးကြောင့်ပဲ ကယ်လီဖိုးနီးယားပြည်နယ်မှာ သာမာန်ထက် အပူချိန် ပိုတိုးမြှင့်လာခဲ့ပြီး ၁၀၆ ဒီဂရီ ဖာရင်ဟိုက်လောက်အထိကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီမီးလောင်မှုဟာ သမိုင်းမှာ စံချိန်တင်သွားခဲ့ပြီး ဒီလောက်နီးနီး မီးလောင်မှုကြီးတွေပင် လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခုလောက်ကသာ ဖြစ်ပွားခဲ့တာလို့ သိရှိရပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref:
0 comments:
Post a comment