Powered by Blogger.

မွေးခါစ ကလေးငယ်ကို ရောင်းစားပြီး ရလာတဲ့ပိုက်ဆံနဲ့ မော်တော်ဆိုင်ကယ် ဝယ်ခဲ့တဲ့ ဖခင်





 တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိမယ် သားဆိုးသမီးဆိုးတော့ ဘယ်မိဘမှ ပစ်ရိုးထုံးစံမရှိဘူးဆိုတဲ့ စကားကို ဖျက်ဆီးနေတဲ့ မိဘဆိုးတွေ တဖြည်းဖြည်း များပြားလာကြပါပြီ။ ကိုယ့်အမှားကနေ ရရှိလာခဲ့တဲ့ ရင်သွေးတွေကို တာဝန်မယူချင်လို့ စွန့်ပစ်ကြတဲ့ မိဘဦးရေတွေ များပြားလာခဲ့သလို ပိုဆိုးတာက ကိုယ့်သားသမီးအရင်းကို ရောင်းစားကြတဲ့ မိဘတွေပါ ရှိလာခဲ့တာပါပဲ။

 ဖိလစ်ပိုင်နိုင်ငံပိုင်း ကျွန်းပေါ်က Ilocos Norte ဒေသမှာ နေထိုင်သူ Francis
Palacio ဆိုတဲ့ လူငယ်အမျိုးသားတစ်ဦး သူရဲ့ မွေးခါစ ရင်သွေးအရင်းကို အမျိုးသမီးတစ်ဦးဆီမှာ ပီဆိုငါးထောင်ခန့်နဲ့ ရောင်းချလိုက်ပြီး မော်တော်ဆိုင်ကယ်တစ်စီးကို ဝယ်ယူလိုက်တယ်လို့ သိရှိရပါတယ်။ Palacio ဟာ ထိုရင်သွေးငယ်ကို သူနဲ့အတူဖော်ဖြစ်တဲ့ Lanalyn Bituin ဆိုသူ အမျိုးသမီးနဲ့ ရရှိခဲ့တာဖြစ်ပြီး ကိုယ့်ရဲ့ရင်သွေးကို ပြုစုစောင့်ရှောက်ရမယ့်အစား အခုလို ရက်ရက်စက်စက် ရောင်းချခဲ့လိုက်တာပဲဖြစ်ပါတယ်။

ကလေးရောင်းချခဲ့စဉ်က ကလေးရဲ့မိခင်ဖြစ်သူ Lanalyn Bituin ကိုယ်တိုင် ပါဝင်လာခဲ့ပေမယ့် သူရဲ့အတူနေအဖော် Palacio က ကလေးရောင်းချမယ့် အစီအစဉ်ကို Bituin ကို လုံးဝမပြောထားပဲ သူ့အစီအစဉ်နဲ့ သူလုပ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ကလေးကို ရောင်းချနေမှန်း Bituin သိသွားတဲ့အချိန်မှာတော့ ကလေးကို ပြန်ယူဖို့ ကြိုးစားခဲ့ပေမယ့် Bituin ကို Palacio က အသက်အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ခဲ့လို့ ရင်သွေးကို လက်လွတ်ခဲ့ရပါတယ်။ အခုတော့ ဒီကိစ္စဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖော်ထုတ်မှုကြောင့် အမှုမှန် ပေါ်သွားခဲ့ပြီဖြစ်ပြီး ကလေးငယ်ကို ရက်ရက်စက်စက် ရောင်းချခဲ့တဲ့ Palacio လည်း လူကုန်ကူးမှုနဲ့ အဖမ်းဆီးခံထားရပြီဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment