အိန္ဒိယနိုင်ငံ Lucknow ခရိုင်မှ စာသင်ကျောင်းတစ်ကျောင်းရှိ ကျောင်းဆရာမတစ်ဦးဟာ သူမ Roll Call ခေါ်နေချိန်အတွင်းမှာ Roll Call ကို ပြန်မထူးခဲ့တဲ့ ကျောင်းသားတစ်ယောက် အတန်းရှေ့ခေါ်ပြီး ဆူငေါက်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် ကျောင်းသားရဲ့ပါးကိုလည်း အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ပါတယ်။
Retiva V John ဆိုသူ ကျောင်းဆရာမတစ်ဦးဟာ သူမရဲ့တပည့်ဖြစ်သူကို Roll Call ခေါ်နေချိန် ပြန်မထူးလို့ဆိုတဲ့ ကျောင်းသားရဲ့ပါးကို အချက်ပေါင်းလေးချက်လောက် ရိုက်နှက်ခဲ့ကြောင်း စာသင်ခန်းအတွင်းမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာကနေ တစ်ဆင့်သိရှိခဲ့ရပါတယ်။
ထိုဆရာမရဲ့ တပည့်ဖြစ်သူကို အပြစ်ပေးပုံက တော်တော်လေးကို ဆိုးရွှားခဲ့ပြီး ပါးရိုက်ရုံတင်မကပဲ ကျောင်းသားရဲ့ခေါင်းကို ကျောက်သင်ပုန်းနဲ့ပါ ဆောင့်ခဲ့တဲ့အထိကို ကျူးလွန်ခဲ့ပါတယ်။ ကျောင်းသားရဲ့မိဘတွေက ထိုကိစ္စကို မကျေနပ်ဖြစ်လို့ ကျောင်းထိလိုက်လာပြီး ဖြေရှင်းခဲ့ရာ ကျောင်းဆရာမဟာလည်း အလုပ်ပြုတ်သွားခဲ့ရပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ဆရာမ Roll Call ခေါ်နေချိန်အတွင်းမှာ ကျောင်းသားလေးဟာ စာရွှက်ပေါ်မှာ တစ်ခုခုကို ရေးဆွဲနေခဲ့တဲ့အတွက် ဆရာမရဲ့အသံကို မကြားမိလိုက်ခဲ့တာကြောင့် ပြန်မထူးတာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားတစ်ယောက်ကို လူမဆံအောင် ရိုက်နှက်ဆုံးမခဲ့တဲ့ ဆရာမတစ်ယောက်ရဲ့အပြုအမှုဟာ အတော်လေးကို လက်မခံချင်စရာဖြစ်ခဲ့ပြီး အခုလို ကျောင်းအထုတ်ခံလိုက်ရတာဟာ သူမနဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref:
0 comments:
Post a Comment