Powered by Blogger.

ရှေးဟောင်း အီဂျစ်ဘုရားကျောင်းနားမှာ ကိုယ်လုံးတီးနဲ့ ဓါတ်ပုံရိုက်ခဲ့တဲ့မော်ဒယ် အဖမ်းခံခဲ့ရ



 ဒူဘိုင်းမြို့က နာမည်ကြီး မိုးမျှော်တာဝါကြီးပေါ်မှာ ဓါတ်ပုံရိုက်ကူးမှု ပြုလုပ်ခဲ့တဲ့ ရုရှားမော်ဒယ်တစ်ဦးကို မှတ်မိနေကြမယ်ထင်ပါတယ်။ ဝေဖန်မှုတွေနဲ့ အများကြီးရင်ဆိုင်ခဲ့ရတဲ့ ဒီမော်ဒယ်တစ်ဦးလိုပဲ နောက်တစ်ယောက် ထပ်မံပေါ်ပေါက်လာခဲ့ပြီး အခုတစ်ယောက်က ဝေဖန်ခံရရုံသာမကပဲ ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

 Marisa Papen လို့ အမည်ရတဲ့ ဘယ်ဂျီယံနိုင်ငံသူ မော်ဒယ်တစ်ဦးဟာ သူမရဲ့ထူးခြားတဲ့ ရည်မှန်းချက်တစ်ခုအဖြစ် ကမ္ဘာပေါ်က နိုင်ငံပေါင်းငါးဆယ်မှာ ကိုယ်လုံးတီးနဲ့ ဓါတ်ပုံလိုက်ရိုက်နေတာပဲဖြစ်ပါတယ်။ မော်ဒယ် Papen နဲ့ သူမရဲ့ဓါတ်ပုံဆရာတို့ဟာ အီဂျစ်နိုင်ငံရဲ့ ပိရမစ်တွေနားမှာ အာဏပိုင်တွေရဲ့ ခွင့်ပြုမှုတစ်စုံတစ်ရာကို ရယူခဲ့ခြင်းမရှိပဲ လျှို့ဝှက်စွာနဲ့ ဓါတ်ပုံရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ဒီလို ရိုက်ကူးမှုပြုလုပ်နေချိန်မှာ အီဂျစ်နိုင်ငံသားနှစ်ဦး ရောက်ရှိလာခဲ့ပြီး Papen တို့က လာဘ်ထိုးခဲ့လို့ အဆင်ပြေသွားခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေးအင်အားကောင်းလှတဲ့ Karnak ဘုရားကျောင်းမှာ ဓါတ်ပုံခိုးရိုက်ခဲ့ချိန် လုံခြုံရေးလေးဦးက တွေ့မြင်သွားခဲ့ပြီး သူမတို့နှစ်ဦးကို တိရစ္ဆာန်တွေလို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

 အဲ့ဒီနောက်မှာတော့ Papen တို့ ရိုက်ကူးထားတဲ့ ဓါတ်ပုံများအားလုံး အဖျက်ဆီးခံခဲ့ရသလို ထောင်ထဲမှာလည်း နာရီပေါင်းများစွာလောက် နေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အမှုဖြေရှင်းခဲ့ပြီးအပြီး နေရပ်ကိုပြန်ချိန်မှာတော့ Papen ရဲ့ ဓါတ်ပုံဆရာက ပျက်ဆီးသွားတဲ့ ဓါတ်ပုံများကို Recovery ပြန်လုပ်ပြီး သူရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပြန်လည်ဝေမျှလို့ သွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment