Powered by Blogger.

၁၂.၄ စင်တီမီတာအရှည်နဲ့ ကမ္ဘာ့မျက်တောင်မွှေးအရှည်ဆုံးပိုင်ရှင် ဂင်းနစ်စံချိန်တင်




တရုတ်နိုင်ငံက You Jianxia အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ၁၂.၄ စင်တီမီတာအထိ မျက်တောင်မွှေးအရှည်ရှိနေပြီး ကမ္ဘာ့အရှည်ဆုံးမျက်တောင်မွှေးပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။ သာမန်လူတစ်ယောက်ရဲ့ မျက်တောင်မွှေးဟာ ၀.၈ စင်တီမီတာကနေ ၁.၂ စင်တီမီတာအရှည်သာရှိတာဖြစ်ပြီး ဒီအမျိုးသမီးရဲ့ မျက်တောင်မွှေးအရှည်ကတော့ ငါးလက်မနီးပါအထိရှိနေတာဖြစ်ပါတယ်။

၂၀၁၈ ဂင်းနစ်စံချိန်မှာတော့ ကမ္ဘာ့မျက်တောင်မွှေးအရှည်ပြိုင်ပွဲကို ထည့်သွင်းခဲ့ပြီး ပြိုင်ပွဲဝင်ပေါင်း ၅၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် တရုတ်အမျိုးသမီး You Jianxia ကိုတော့ တစ်ယောက်မှ မမှီခဲ့ကြပါဘူး။ အသက် ၄၉ နှစ်အရွယ်အမျိုးသမီးကတော့ ဒါ့ကြောင့် ကမ္ဘာ့စံချိန်ကို သက်သက်သာသာနဲ့ ဆွတ်ခူးနိုင်ခဲ့တာပါ။

သူမရဲ့ မျက်တောင်မွှေးတွေကတော့ သဘာဝအတိုင်း ရှည်ထွက်နေတာဖြစ်ပြီး သူမရဲ့ အလုပ်ကနေ အနားယူပြီးချိန်မှာ အခုလိုသူမရဲ့ မျက်တောင်မွှေးတွေ ရှည်ထွက်လာတာဖြစ်ပြီး သူမကတော့ မညှပ်ပဲ ဒီအတိုင်းထားခဲ့တာပါ။

သူမရဲ့ လုပ်ငန်းမှာ ဥက္ကဌတာဝန်ယူထားတဲ့ You Jianxia ကတော့ လောလောဆယ်မှာ နှင်းဆီပန်းအမျိုးပေါင်း ၁၆၀၀ ကျော်လောက်ကို စိုက်ပျိုးပြီး အေးအေးဆေးဆေးနေထိုင်နေတာဖြစ်ပြီး  သူမရဲ့ရှည်ထွက်နေတဲ့ မျက်တောင်မွှေးတွေကိုတော့ မရှက်မိပဲ လှပပြီး မိန်းမအိနြေ္ဒအပြည့်အဝရှိတဲ့အရာလို့သာ ထင်မှတ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Mocha

#knowledge.thithtoolwin.com

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment