Powered by Blogger.

တင်ပါးထဲမှာ ရှစ်စင်တီမီတာရှိတဲ့ ဖန်ခွက်တစ်လုံး ဝင်နေခဲ့တဲ့ အမျိုးသားတစ်ဦး



 ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ ထူးခြားအံသြမှုတွေနဲ့ နဖူးတွေ့ဒူးတွေ့ အရင်ဆိုင်ရဆုံးသူကတော့ ခွဲစိတ်ဆရာဝန်တွေပဲဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ သူတို့ရဲ့လူနာတွေဆီကနေ ထူးခြားတဲ့ အရာတွေကို အမြဲလိုလို မြင်တွေ့နေရတတ်ပါတယ်။ အခုအခါမှာလည်း တရုတ်နိုင်ငံက ခွဲစိတ်ဆရာဝန်တွေဟာ လူနာတစ်ဦးရဲ့တင်ပါးထဲကနေ ဖန်ခွက်တစ်လုံးကို ထူးထူးဆန်းဆန်း ဖယ်ရှာပေးခဲ့ရပါတယ်။

 တရုတ်နိုင်ငံသားတစ်ဦးဟာ မနက်ခင်း နှစ်နာရီခန့်လောက်မှာ တင်ပါးအတွင်းက ဆိုးဆိုးရွှားရွှား နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားနေရင်းနဲ့ နာကျင်မှု မရပ်တန့်နိုင်တဲ့ အဆုံးမှာတော့ ဆေးရုံတစ်ခုကို ပို့ဆောင်ခဲ့လိုက်ရပါတယ်။ ဆေးရုံက ဆရာဝန်တွေက ထိုအမျိုးသားကို X-Ray ရိုက်ကြည့်တဲ့အခါမှာတော့ အမျိုးသားရဲ့ တင်ပါးအတွင်းထဲမှာ ဖန်ခွက်တစ်ခွက် ဝင်ရောက်နေတာကို ထူးခြားအံသြစွာ မြင်တွေ့ခဲ့ရပါတော့တယ်။

 ကွဲနိုင်ရှနိုင်တဲ့ ပစ္စည်းဖြစ်တာမို့လို့ အမျိုးသားရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်တာကြောင့် ခွဲစိတ်ဆရာဝန်များအနေနဲ့ အမျိုးသားရဲ့တင်ပါးကနေ ဖန်ခွက်ကို သေသေချာချာ ကြိုးစားပြီး ထုတ်ယူခဲ့ပေမယ့် ဘယ်လိုမှ အဆင်မပြေခဲ့တာကြောင့် နောက်ဆုံးမှာတော့ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး ဖန်ခွက်ကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ ထိုအမျိုးသားရဲ့ တင်ပါးထဲကနေ ဖယ်ရှားနိုင်ခဲ့တဲ့ ဖန်ခွက်ဟာ ရှစ်စင်တီမီတာလောက်အထိ အကောင်းပကတိတိုင်း ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့ အမျိုးသားကတော့ သူရဲ့တင်ပါးထဲ ဖန်ခွက်ဘယ်လ်ုဝင်ရောက်နေပုံကိုတော့ ရှင်းပြခဲ့ခြင်း လုံးဝမရှိပါဘူးခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment