Powered by Blogger.

စာမရတဲ့ ကျောင်းသားအယောက်သုံးဆယ်ကျော်ကို ပါးရိုက်ခဲ့တဲ့ ကျောင်းဆရာ



 ဆရာဆိုတာ တပည့်တွေအတွက် စံနမူနာယူစရာ လေးစာကြည်ညိုစရာဖြစ်ပေမယ့် တချို့ဆရာတွေကတော့ တပည့်တွေအပေါ် ကြင်နာသနားမှု လုံးဝမရှိပဲ ရက်ရက်စက်စက်သာ ပြုမှုလေ့ရှိကြပါတယ်။ ဒီလို ဆရာသမားကောင်း မပီသတဲ့ ဆရာတွေဟာလည်း ယနေ့ခေတ်မှာ တော်တော်များများကို ပေါ်ပေါက်နေပါတယ်။

 အခုလည်း တရုတ်နိုင်ငံအတွင်းက စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာက ရှေးခေတ် တရုတ်ဂန္တဝင်ကဗျာတွေကို ပြန်လည်မရွှတ်ဆိုပြနိုင်တဲ့ ကျောင်းသားအယောက်သုံးဆယ်နဲ့ရှစ်ယောက်ခန့်ကို တစ်ယောက်ပါးတစ်ချက်စီ ရိုက်နှက်ခဲ့ပါတယ်။ ထိုဆရာဟာ ကျောင်းသားတစ်ယောက်ကို ကဗျာတစ်ပုဒ်ဆီ မေးမြန်းခဲ့တာဖြစ်ပြီး တစ်ချက်မှားတာနဲ့ ကျောင်းသားတွေရဲ့ပါးကို ရိုက်နက်ပြီး ရက်ရက်စက်စက် အပြစ်ပေးခဲ့တာဖြစ်ပါတယ်။

 ဒီဖြစ်ရပ်ကို အတန်းထဲက ကျောင်းသားတစ်ဦးက ဗီဒီယိုရိုက်ကူးထားပြီး အင်တာနက်ပေါ်ကို ပြန်လည်မျှဝေခဲ့ရာကနေ လူသိများလာခဲ့တာဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ အုပ်ထိန်းသူတွေ ပြောကြားချက်အရ ကလေးတွေမှာ ဆရာရဲ့ ရိုက်နက်မှုကြောင့် သွေးတွေပါထွက်တဲ့အထိကို ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီလို ရက်စက်စွာ ပြုမှုခဲ့တဲ့ ကျောင်းဆရာကို တာဝန်ရှိသူများက ရာထူးကနေ ရပ်ဆိုင်းခဲ့ပြီး သူရိုက်နက်ခဲ့တဲ့ ကလေးတွေနဲ့ အုပ်ထိန်းသူများကိုလည်း အိမ်တိုင်ရာရောက် လိုက်လံတောင်းပန်ခိုင်းခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref:viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment