စပိန်နိုင်ငံ မာဘယ်လာ မြို့မှာဖြစ်ပွားလေ့ရှိတဲ့ အရက်မူးသမားတွေရဲ့ ပုံပြင်တွေက အဆန်းတော့ မဟုတ်တော့ ပါဘူး။ ဒါပေမယ့် အခုတစ်ခေါက် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လောက်တော့ မဆိုခဲ့ ဖူးသေးပါဘူး။
အမည်မဖော်လိုသူ အမျိုးသား တစ်ယောက်ဟာ စပိန်ပါတီ အပန်းဖြေစခန်း ရဲ့ လမ်းတွေပေါ်ကို အ၀တ်မပါပဲနဲ့ လူအုပ်ကြားထဲကို ထွက်ပြေးခဲ့ပြီး သူ့ကို ကြည့်နေသူတွေကို သူက ပြန်လည် ဟားရယ်ခဲ့ပါတယ်။
ထို တစ်မိနစ်စာ ခန့်ရှိတဲ့ ဗီဒီယို ဟာ Facebook မှာ မာဘယ်လာ ဘိုင်ဘယ် ဆိုတဲ့ စာမျက်နှာက တစ်ဆင့် တင်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူဟာ ထိုဗီဒီယို ထဲမှာ အခြား ကောင်လေး တစ်ယောက်ကို အတင်း ဆွဲခေါ်နေတဲ့ အတွက် ထိုကောင်လေးက ရုန်းကန်နေခဲ့ရပြီး လုံခြုံရေး ၀န်ထမ်းအချို့ က ထို ကောင်လေး ကို ကူညီ ခေါ်ထုတ် ခဲ့ရပါတယ်။
ထို မူးနေသူဟာ ကြမ်းပြင်မှာ ဖင်ထိုင်လျက် လဲကျနေခဲ့ပြီး ပြန်လည် ထနိုင်ရန်လည်း ဆွဲထူပေးမည့် သူ မ ရှိဖြစ် ခဲ့ သည်ကို တွေ့ ရသည်။ ထို အမူးသမား ရဲ့ ဗီဒီယိုဟာ ကမ္ဘာ့အမူးဆုံး သူတစ်ယောက်အဖြစ် လူမှု ကွန်ရက်တွင် ရေပန်းစားခဲ့ပါသေးသည်။
Credit : http://www.mirror.co.uk/news
0 comments:
Post a Comment