ချစ်သူ အပေါ် သစ္စာဖောက် မိလိုက်တဲ့ အမျိုးသား တစ်ဦးဟာ သူ့ရဲ့ တန်ဖိုးကြီးလှတဲ့ BMW ကားကို သူ့ရဲ့ ချစ်သူကောင်မလေး က တစ်စစီ ဖြစ်သွားအောင် ရိုက်ပြီးဖျက် ဆီးစေတဲ့ အဖြစ်အပျက် တစ်ခု သြစတြေး
လျ နိုင်ငံမှာ ဖြစ်ပွား ခဲ့ပါတယ်။
လျ နိုင်ငံမှာ ဖြစ်ပွား ခဲ့ပါတယ်။
အသက် ၂၅ နှစ် အရွယ် ရှိတဲ့ Jilted Caro Vogel ဟာ သြစတြေးလျနိုင်ငံ အထက်ပိုင်းက စီရင်စု တစ်ခု မှာနေထိုင်ပြီး သူမရဲ့ ချစ်သူဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် Chris Roth ဆိုသူကသူ့ရဲ့ ကားနောက်ခန်းထဲမှာ အခြား မိန်းကလေး တစ်ယောက်နဲ့ ချစ်ရည်လူးနေတဲ့ အတွက် အခုလို လုပ်ခဲ့ တာဖြစ်တယ် လို့ သိရပါတယ်။
ထိုကားဟာ Caro က သူမရဲ့ ချစ်သူဖြစ်သူကို အလုပ်ရရှိနိုင်စေရန် အတွက် ၀ယ်ယူ ပေးထား တာဖြစ် တယ်လို့လည်း သိရ ပါ တယ်။
ဒေါသ ထွက်နေတဲ့ Caro ဟာ ပြည်တွင်း ရေဒီယိုဌာန တစ်ခုကို ဆက်သွယ် အကြောင်းကြားခဲ့ပြီး Captain Luke ဆိုသူ အစီအစဉ် တင်ဆက်သူ တစ်ယောက်က ထို အဖြစ်အပျက် များကို ဗီဒီယို ရိုက်ကူးထားပြီး အင်တာနက်မှာ တင် ထားခဲ့ပါတယ်။
ထို အဖြစ်အပျက် ရဲ့ အသံမှတ် တမ်းတွေကို လည်း ပြည်တွင်းရေဒီယို ကတစ်ဆင့် အသံ လွှင့်ခဲ့ တယ်လို့လည်း သိရပါတယ်။
0 comments:
Post a Comment