Powered by Blogger.

ရုရှား ဟက်ကာအား ဖမ်းဆီးရမိပါက ဆုကြေးငွေ ဒေါ်လာ ၃မီလီယံ ပေးမယ်လို့ အမေရိကန်ဘက်က ကြေငြာ


အမေရိကန်ရဲ့ hacking ပြဿ      နာများတွင် ဦးဆောင်သူအား အမေရိကန်ဘက်မှ ဝရမ်း ထုတ် လိုက်ပြီ ဖြစ် ပါတယ်။ ကမ္ဘာ့ Cyber Hacker ကြီးကို အမေရိကန်က ဆုကြေးငွေ ဒေါ်လာ ၃မီလီယံ (ပေါင် ၁.၉ မီလီယံ)  ဖြင့် ကူညီ ဖမ်းဆီးပေးနိုင်ရန် ကြေငြာလိုက်ပါတယ်။ Evgeniy Bogachev သည် လွန်ခဲ့တဲ့နှစ် က ဖြစ်ပွား ခဲ့သော ဘဏ်ပြစ်မှု၊ လျှို့ ဝှက် ကျူးလွန်မှုများတွင် ပါဝင် ပတ်သတ်ခဲ့ကြောင်း စွဲချက် တင် ခံခဲ့ရပါတယ်။ သူဟာ ရုရှား လူမျိုးတစ်ဦး ဖြစ်မည်လို့ ယုံကြည်ရပြီး သူ့ပုံနှင့်အတူ “Wanted” ဟူသော အလိုရှိသော သင်္ကေတ ကိုပါထည့်ကာ FBI က ဖြန့်ဝေ ဖမ်းဆီးရန် ကြိုးပမ်းနေပါတယ်။
 Bogachev သည် လူတွေရဲ့ ကွန်ပျူ တာ အတွင်း malicious software ကို သွင်းကာ ဘဏ်အကောင့်များ၊ password များနှင့် အခြားသော အချက်အလက် များကို ခိုးယူသည့် hacking အဖွဲ့အစည်းကြီး တစ်ခုရဲ့  ဂိုဏ်းခေါင်းဆောင် လည်း ဖြစ် ပါ တယ်။ GameOver Zeus လို့ခေါ်တဲ့ network တိုက်ခိုက်ခံရ မှုဖြစ်ကာ အွန်လိုင်း ဘဏ်အကောင့်တွေက တစ်ဆင့် ဒေါ်လာ ၁၀၀ မီလီယံကျော် ခိုးယူခဲ့ပါတယ်။
“Jabber Zeus” လို့အမည်ရတဲ့ Zeus malware ဗားရှင်းကြောင့်လည်း Omaha ရှိ ဘဏ်ကို တိုက်ခိုက် ခဲ့ပါသေးတယ်။ Cyber တိုက်ခိုက်မှုတွေ ထဲမှာ ဖမ်းဝရမ်းအတွက် အမြင့်ဆုံး ဆုကြေး ထုတ်ပေးထာဖြစ်ပြီး ရုရှား လုံခြုံရေး အေဂျင်စီ တစ်ခုဖြစ်တဲ့ FSB ကလည်း FBI နှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင့် FBI ၏ Cyber ပြစ်မှုဌာနရဲ့ ခေါင်းဆောင်ဖြစ်သူ Joseph Demarest က ပြောကြားခဲ့ပါတယ်။


Credit :  http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment