Powered by Blogger.

ပေပေါင်း ၂၅၀၀ မြင့်တဲ့တောင်ထိပ်ကနေ ပြုတ်ကျ ခဲ့ပေမယ့် သေကံမရောက်ခဲ့တဲ့ ကျောင်းသား


ဗြိတိန် နိုင်ငံမှ ကျောင်းသားတစ်ယောက်ဟာ ပေပေါင်း ၂၅၀၀ မြင့်တဲ့တောင်ထိပ် ကနေ ပြုတ် ကျ ခဲ့ပေ မယ့် သေကံ မရောက်ခဲ့တဲ့ အတွက် အသက်မပျောက်ပဲ ရှင်သန်ခွင့် ရခဲ့ပါတယ်။ အသက် ၁၄ နှစ်သာ ရှိသေးတဲ့ Jack Fox ဟာ သူ့ သူငယ်ချင်းတွေကို ဓါတ်ပုံ ရိုက်ပေးရင်း ပြင်သစ်နိုင်ငံက အီဖယ်လ် မျှော်စင် ထက် ၂ ဆခွဲခန့် မြင့်တဲ့ ရေခဲ တောင်စောင်းကနေ နောက်ပြန် လိမ့်ကျ ခဲ့တာပါ။ “ကျွန်တော်ပြုတ်ကျကျ ချင်းမှာ သေပြီလို့ ထင်လိုက်ပါတယ်။
 ရေခဲတောင်အောက်ကို လိမ့်လာလေလေ ကျွန်တော့်ခြေထောက်တွေ ကို ထောက်ပြီး လက်တွေနဲ့ တွေ့ တာကိုဆွဲပြီး အရှိန်ကို ထိန်းခဲ့ပါတယ်။ ကျွန်တော် ရေခဲတွေရော ကျောက်တုံးတွေရော ကြားကနေ လိမ့်သွားတာ အရမ်းကိုကြောက် ဖို့ကောင်းပါတယ်” လို့ Jack ကဆိုပါတယ်။ Merseyside ပြည်နယ် ၊ Southport မြို့  မှာနေထိုင်တဲ့ Jack ဟာ ကျောင်း ရဲ့ လေ့လာရေး ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံ Flattach မြို့ မှာရှိ တဲ့ ရေခဲတောင်ပေါ် ကပြုတ်ကျခဲ့ တာဖြစ်ပြီး ရေခဲပြင်နှင်းလျှော စီးသမားတစ်ဦး က တွေ့ရှိကာ အရေးပေါ် ဆေး အဖွဲ့ကိုခေါ်ခဲ့ တာဖြစ် ပါတယ်။
 Jack ဟာ ရေခဲတောင်ထိပ်ကနေ တောင်အောက်သို့ ပေပေါင်း ၁၆၀၀ နီးနီး လိမ့်ကျခဲ့ တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Jack ကို လီဗာပူး မြို့က Alder Hey ကလေးဆေးရုံ သို့ပို့ဆောင်ခဲ့ပြီး Jack ရဲ့ လက်တစ်ဖက် ကတော့ ရေခဲပြင်နဲ့ ပွတ်တိုက်မှုကြောင့် လောင်ကျွမ်းသွားခဲ့ရပါတယ်။ 


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment