Powered by Blogger.

သေလုနီးပါး နေမကောင်းဖြစ်နေတဲ့ ရဲခွေးလေးရဲ့ နောက်ဆုံး ခရီးကို သူရဲကောင်းတွေ ကဲ့သို့ ပို့ဆောင်ပေးခဲ့


အသက် ၉နှစ်အရွယ် Judge ဟု ခေါ်သော German Shepherd ခွေးအမျိုးအစားသည် New Jersey ရှိ ရဲဌာနတွင် နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ ကျန်းမာရေး ဆိုးရွားလာမှုကြောင့် အေးချမ်းစွာ အနားယူနိုင်ရန် ရဲတပ်ဖွဲ့မှ စီစဉ်ပေးခဲ့ပါတယ်။ ခွေးလေးရဲ့ ဝေဒနာတွေကို အဆုံးမသတ်ပေးမီ ခွေးလေးကို ရဲဝန်ထမ်းအားလုံးက သူရဲကောင်း တစ်ယောက်ကဲ့သို့ ဂါရဝပြုပေး ခဲ့ကြပါတယ်။
 New Jersey ရှိ ဆေးရုံ အပြင်ဘက် လမ်းပေါ်မှာ ရဲဝန်ထမ်း အယောက် ၃၀ခန့်က ဂါရဝပြုရန် တန်းစီ ရပ်နေ ခဲ့ပါ တယ်။ ခွေး ဥပဒေ ဆိုင်ရာ အဖွဲ့အစည်းမှ လူများလည်း တက်ရောက်ခဲ့ပါတယ်။ Judge ဟာ West Deptford မြို့လေး မှာ အေး ချမ်းစွာ အနားယူခဲ့ရတဲ့ အသက် ၉နှစ်အရွယ် German Shephard အမျိုးအစား ရဲခွေးလေးဖြစ်ပါ တယ်။ ဒေသတွင်း သတင်းများအရ သူ့ရဲ့  သွားပြဿ   နာ အပါအဝင် နာမကျန်း ဖြစ်မှုကြောင့် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် အလုပ်မှ အနားယူ ခဲ့ရပါတယ်။
 Judge ဟာ ၂၀၀၇ခုနှစ်မှာ စပြီး တာဝန်ထမ်းဆောင် ခဲ့ တာ ဖြစ် ကာ အကြိမ်ပေါင်း ၂၈၀ခန့် ထိရောက်စွာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ နိုဝင်ဘာလမှ စ၍ သူရဲ့ ကျန်းမာရေးဟာ သိသိသာသာ ချို့  ယွင်းလာခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ ကျန်းမာရေး စရိတ် အတွက် မြို့ကလေး ရှိ လူများက ဒေါ်လာ ၁သောင်းကျော် ကူညီခဲ့ကြပါတယ်။
 Judge ဟာ တဖြည်းဖြည်း အစာမစားနိုင်တော့ဘဲ အင်အားလျော့နည်းလာကာ ရောဂါတွေ ပိုတိုးလာတာကြောင့် သူရဲ့ဝေဒနာ ခံစားရမှုကို မြန်မြန် အဆုံး သတ်ပေး လိုက်တာဟာ အကောင်းဆုံးဖြစ်တာကြောင့် Swedesboro တိရိစ္ဆာန်ဆေးရုံက တာဝန် ယူ ဆောင် ရွက်ပေးခဲ့ရပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment