Powered by Blogger.

ဂျပန်နိုင်ငံက ရိုလာကိုစတာ တံတား


ရိုလာကိုစတာ တံတားလို့ တင်စားခေါ်ဝေါ်ရတဲ့ ဂျပန်နိုင်ငံ Eshima Ohashi တံတားဟာ အလွန် မတ်စောက်စွာ တည်ဆောက်ထားသလို မြင့်မားချက် ကလည်း တံတားအောက်ကနေ သဘောင်္တစ်စီး အသာလေး ဖြတ်သန်း သွားလို့ ရနိုင်ပါတယ်။ ထို Eshima Ohashi တံတားဟာ တစ်မိုင်ကျော် ရှည်လျားတဲ့ အကွာအဝေးကို ကွေ့ ပတ်ပြီး တည်ဆောက် ထားသလို ကမ္ဘာမှာ အဲဒီလို တည်ဆောက်ထားတဲ့ တံတားတွေထဲ မှာလည်း တတိယ မြောက်အကြီးဆုံး တံတား ဖြစ်တယ်လို့ သိရပါတယ်။

ထို ကွန်ကရစ်တွေ နဲ့ တည်ဆောင်ထားတဲ့ တံတားဟာ Nakaumi ဆိုတဲ့ ရေအိုင် ကို ဖြတ်ကျော်ပြီး Matsue နဲ့ Sakaiminato မြို့ တွေကို ချိတ်ဆက်ပေးထား တာပဲဖြစ်ပါတယ်။ ထိုတံတားရဲ့ အဆင်းပိုင်း ဆင်ခြေလျှော နေရာရဲ့ တိမ်းစောင်းမှု(Slope) ဟာ ၆.၁ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် တံတား တစ်စင်းမှာ ရှိတတ်တဲ့ တိမ်းစောင်းမှု မျိုးမဟုတ်ပဲ ရိုလာကိုစတာတွေမှာ သာ ရှိတတ်တဲ့ တိမ်းစောင်းမှု မျိုးသာဖြစ်ပါတယ်။ 

ဒါပေမယ်လည်း အခုလို မြင့်မားတဲ့ တံတားမျိုးဟာ ကမ္ဘာကြီးရဲ့ အခြားနေ ရာတွေမှာလည်း တည်ရှိနေ ပါသေးတယ်။ တရုတ်နိုင်ငံက Sidhue မြစ်ကူးတံတားက ကမ္ဘာမှာ အမြင့်မား ဆုံး တံတားဖြစ်ပါတယ်။ ၁၅၀၉ ပေ အမြင့်ရှိပြီး ရှန်ဟိုင်းနဲ့ ချန်ဒို မြို့တွေကို ဆက်သွယ်ပေး ထား ပါတယ်။


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment