Powered by Blogger.

ဂျပန်နိုင်ငံရဲ့ ရိုးရာ ကလေး အငိုပြိုင်ပွဲ အကြောင်း သိကောင်းစရာများ


ဂျပန်နိုင်ငံဟာ ကလေးတွေ ငိုတာ ကျန်မာရေးအတွက် ကောင်းမွန်တယ်လို့ ရှေးယခင်ကတည်းက ယုံကြည် ခဲ့ကြပြီး ကလေးတွေ ငိုတာ ပြိုင်တဲ့ ပွဲ တွေ ကျင်းပလေ့ ရှိကြပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံက မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဆူမို နပန်းသမားတွေအား ချီစေပြီး ကလေးတွေကို ငိုတာ ပြိုင် ခိုင်း ကြတယ်လို့ သိ ရပါတယ်။

အသက် တစ်နှစ် မပြည့်သေးတဲ့ မွေးကင်းစ ကလေးငယ် တွေဟာ တိုကျိုမြို့  မှာ ရှိတဲ့ Yukigaya Hachiman ဘုံကျောင်းမှာ အငိုပြိုင်ခဲ့ရတာ ဖြစ်ပြီး မိဘတွေကလည်း ဆူမို နပန်းသမားတွေက သူတို့ရဲ့ ကလေး ငယ်တွေ ကို ငိုနိုင်အောင်လုပ်ဆောင်ပေးလိမ့် မယ်လို့ ယုံကြည်ထားကြပါတယ်။ ဆူမို နပန်း သမားတွေက ကလေး ငယ်တွေ ကို ချီမြှောက်ကာ လှုပ်ရမ်းပေးခြင်းဖြင့် ကလေးတွေကို ငိုစေခဲ့ကြပါတယ်။ ထို ကလေးငယ်တွေရဲ့ ငိုသံကို ဘုရားသခင်က ကြားမိပြီး တဲ့နောက် ထို ကလေးငယ်တွေကို ကျန်းမာရေးကောင်း လာအောင် ပြု လုပ်ပေးလိမ့်မယ်လို့ ဂျပန် တွေက ယုံကြည်ထားကြပါတယ်။ 

ထိုပွဲတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ဝ ခန့်က စတင် ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံ တစ်နိုင်ငံ လုံးမှာ ရှိတဲ့ ဘုံကျောင်း တွေမှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ကျင်းပတဲ့ ပုံစံတွေကတော့ မြို့တစ်မြို့ နဲ့ တစ်မြို့ မတူညီပဲ ကွဲပြား မှုတွေရှိနေပါတယ်။ တစ်ချို့  မြို့  တွေမှာဆို ကလေးငယ်တွေကို ဆူမို နပန်းသမားတွေက ထိန်းကျောင်းပေး ကာ မျက်နှာချင်း ဆိုင်ရပ်နေစေပြီး ဘယ်သူ အရင် ငိုလည်းဆိုတာကို ပြိုင်ခိုင်း တာ မျိုး လည်း ရှိပြီး ထိုပွဲတော်တွေမှာတော့ အရင်ငိုတဲ့ ကလေးက ရှုံးတယ်လို့ သိရပါတယ်။


Credit : http://www.mirror.co.uk/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment