၃နှစ်အရွယ်ကလေး ကိုယ့်ကိုကိုယ် သေနတ်ဖြင့်ပစ်မိ၍ သေဆုံး
အမေရိကန် တက္ကဆက်ပြည်နယ်မှ ၃နှစ်အရွယ် ကလေးတစ်ဦးဟာ သူ့ကိုယ်သူ သေနတ်ဖြင့် မတော်တဆပစ်မိပြီး ၄င်းဒဏ်ရာဖြင့်ပင် ဇူလိုင်လ ၆ရက်နေ့မှာ သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ယင်း ၃နှစ်သားကို ၄င်းရဲ့အဖိုး၊အဖွားတွေက ထိန်းကျောင်းနေတာဖြစ်ပြီး တစ်ရေးတစ်မောအိပ်နေကြချိန်တွင် ယခုလိုဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
အဖိုး၊အဖွားဖြစ်သူတွေ သေနတ်သံကြားလို့နိုးလာတော့ ကလေးက သူ့ကိုယ်သူသေနတ်နဲ့ပစ်ထားတာကို တွေ့ခဲ့ကြရတယ်လို့ ရဲတွေက ပြောပါတယ်။
“ကျွန်တော်တို့ စစ်ဆေးဖို့ဝင်သွားတော့ ကလေးက .380 ဆီမီးအော်တို ပစ္စတိုကိုကိုင်ခဲ့ပုံရပြီး အိပ်ခန်းထဲမှာ သူ့ခေါင်းကိုသူ မတော်တဆပစ်မိသွားခဲ့တာပါ။” လို့ ရဲကြပ်ကြီး Ben Beall ကပြောသွားခဲ့ပါတယ်။ ဂျူရီလူကြီး ၂၃ယောက်ပါ စိစစ်တရားစီရင်ရေး ဂရင်းဂျူရီအဖွဲ့က ဤအမှုကို စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
( Skyler )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Yahoo!
0 comments:
Post a Comment