ဂျပန်အမျိုးသားတစ်ဦးဟာ ရေမြောင်းထဲ ဆင်းပုန်းနေပြီး လမ်းသွားလမ်းလာ အမျိုးသမီးတွေရဲ့ စကတ်အောက် ကို ဓါတ်ပုံခိုးရိုက်ခဲ့တဲ့အတွက် သုံးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် အဖမ်းခံခဲ့ရပါတယ်။
အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ Yasumi Hirai ဟာ စမတ်ဖုန်းကို အသုံးပြုပြီး အမျိုးသမီးတွေရဲ့ စကတ်တွေကို ဓါတ်ပုံခိုးရိုက်ဖို့ ငါးနာရီကြာ ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦးဟာ သူရဲ့ဆံပင်တွေ မြောင်းဖုံးထဲကနေ ထောင်ထွက်နေတာကို သတိထားမိပြီးနောက် ရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် Hirai ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Hirai က ရေမြောင်းထဲကို မနက် ၃နာရီကတည်းက ဆင်းပြီး ပုန်းခိုနေခဲ့တာဖြစ်ကြောင်း ရဲတွေကို ၀န်ခံခဲ့ပါတယ်။
Hirai ရဲ့ ဖုန်းကို ရှာဖွေစစ်ဆေးတဲ့အခါမှာတော့ အမျိုးသမီးတွေရဲ့ အတွင်းခံ ဗီဒီယိုနဲ့ ဓါတ်ပုံအမြောက်အမြားကို တွေ့ရှိခဲ့ရပါသတဲ့။
သူဟာ ၂၀၁၃ ခုနှစ်ကလည်း Konan Women’s University နားမှာရှိတဲ့ ရေမြောင်းအောက်မှာ ပုန်းခို ရိုက်ကူးခဲ့တဲ့အတွက် အဖမ်းခံခဲ့ရဖူးပါတယ်။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Upi
0 comments:
Post a Comment