အသက် ၈နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ၁နှစ်အရွယ် ကလေးမလေးကို အသေရိုက်သတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ သူတို့ရဲ့ အမေတွေဟာ ညကလပ်ကို သွားနေတုန်း အိမ်မှာ ကလေးနှစ်ယောက်တည်း ရှိတဲ့ အချိန်မှာ ဒီအမှုဖြစ်ပွားခဲ့တာပါ။
တစ်နှစ်သားအရွယ် Kelci Devine ဟာ ငိုနေတာ မရပ်တဲ့အတွက်ကြောင့် ဒီကောင်လေးက ရိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကောင်လေးရဲ့ နာမည်ကိုတော့ တရားရုံးက ထုတ်ပြန်ကြေညာခွင့် မပြုထားပါဘူး။ ကောင်လေးဟာ အလာဘားမား ပြည်နယ် ကလေးသူငယ် လူမှုဖူလုံရေး အစိုးရအဖွဲ့ရဲ့ စောင့်ရှောက်မှုကို ခံယူနေရပါတယ်။
အခင်းဖြစ်ပြီး နောက်တစ်နေ့မနက်မှာတော့ ကလေးမလေးဟာ သူ့ရဲ့ကလေးကုတင်လေးမှာတင် သေဆုံးနေတာကို တွေ့ရှိရပါတယ်။ ကလေးရဲ့မိခင် အသက် ၂၆နှစ်အရွယ် Katerra Lewis ကိုတော့ ကြိုတင်ကြံရွယ်ခြင်းမရှိသော်လည်း ဥပဒေကို ချိုးဖောက်၍ လူသတ်မှု နဲ့ တရားစွဲဆိုထားပါတယ်။
( Skyler )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref: Mirror
0 comments:
Post a Comment