Powered by Blogger.

ချစ်သက်တမ်းဆယ်နှစ်ပြည့်သွားပြီဖြစ်တဲ့ လိင်တူချစ်သူပင်ဂွင်းစုံတွဲ


ကဲ တိရစ္ဆာန်တွေထဲမှာမှ ထူးခြားတဲ့ စုံတွဲဖြစ်တဲ့ လိင်တူချစ်သူပင်ဂွင်းစုံတွဲကတော့ ချစ်သက်တမ်း ဆယ်နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ Dotty နဲ့ Zee လို့ အမည်ပေးခံထားရတဲ့ ဒီပင်ဂွင်းငှက်စုံတွဲဟာဆိုရင်တော့ လူတွေကိုယ်တိုင်အားကျရလောက်တဲ့ Relationship ကို တည်ဆောက်ထားနိုင်ကြပါတယ်။

Bremerhaven တိရစ္ဆာန်ဥယျာဉ်က ဒီပင်ဂွင်းငှက်စုံတွဲဟာဆိုရင်တော့ ပင်ဂွင်းငှက်မိသားစုလေးတစ်ခုဖြစ်လာဖို့အထိတော့ အစွမ်းမရှိပါဘူး။ တစ်ခြားပင်ဂွင်းစုံတွဲတွေကတော့ ပင်ဂွင်းငှက်မိသားစုကိုတည်ဆောက်နေခဲ့ပေမယ့် ဒီနှစ်ကောင်က ဘာလို့မတည်ဆောက်သေးတာလဲဆိုပြီး တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက DNA စစ်ဆေးခဲ့ကြပါတယ်။

အဲ့ဒီအချိန်မှာတော့ အံ့သြဖွယ်ရာပဲ ပင်ဂွင်းငှက်နှစ်ကောင်လုံးက အထီးတွေဖြစ်နေကြပါတယ်။ Humboldt ပင်ဂွင်းမျိုးနွယ်တွေမှာ ရှားပါးမျိုးစိတ်တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အကောင်နှစ်ထောင်သာကျန်ရှိတော့တာပါ။ ဒီပင်ဂွင်းအထီးနှစ်ကောင်နဲ့ မျိုးဖောက်ဖို့အတွက် ပင်ဂွင်းအစ်မ ခြောက်ကောင်နဲ့ စမ်းသပ်ခဲ့ပေမယ့်လည်း စွမ်းဆောင်မှုက မအောင်မြင်ခဲ့ပါဘူး။

အဲ့ဒီတိရစ္ဆာန်ရုံမှာတော့ ပင်ဂွင်းဆယ်တွဲရှိပြီး သုံးတွဲ လိင်တူချစ်သူ ပင်ဂွင်းတွေပါ။ အဲ့လိုဖြစ်နေတာကြောင့် တာဝန်ရှိသူတွေက သူတို့ချစ်ခြင်းတွေကို ခွဲထားဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း ဂေးပင်ဂွင်းတွေက သူတို့ရဲ့ ချစ်ခြင်းကို အခွဲမခံခဲ့ဘူးလို့လည်း သိရပါတယ်။

အခုဆိုရင်တော့ Dotty နဲ့ Zee တို့ဟာ ချစ်သက်တမ်း ဆယ်နှစ်ကို ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

( Beauty Syh )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment