Powered by Blogger.

ဖခင်ဖြစ်သူကို Tatoo ထိုးပေးခဲ့တဲ့ အသက်လေးနှစ်အရွယ်ကလေး


အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က ကလေးအဖေတစ်ယောက်ဟာ သူ့ရဲ့ အသက်၎နှစ်အရွယ် သမီးငယ်က သူ့ကို တက်တူးထိုးပေးခဲ့တဲ့ ပုံတစ်ပုံကို အွန်လိုင်းပေါ်မှာ ဂုဏ်ယူစွာနဲ့ တင်ခဲ့ပါတယ်။

Brad Bellomo ဆိုတဲ့ အသက် ၃၀နှစ်အရွယ် Third Eye Tatoo ဆိုတဲ့ တက်တူးဆိုင် ပိုင်ရှင်ဟာ Facebook ပေါ်မှာ သူ့ရဲ့ အသက် ၄နှစ်အရွယ် သမီးဖြစ်သူ Chloe က သူ့ကို စတော်ဘယ်ရီပုံ တက်တူးပုံတစ်ပုံထိုးနေတာကို တင်ခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့မှာ သူ့ရဲ့ ပထမဆုံးတက်တူးအစစ်ကို ထိုးပေးခဲ့ပါတယ်” လို့ Bellomo က ရေးသားထားခဲ့တာပါ။ “သူကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကမှ ၄နှစ်ပြည့်ထားပါ” လို့ ဆိုပါတယ်။

ဒါပေမယ့် တချို့ကောန်မန့်တွေကတော့ Bellomo အနေနဲ့ သမီးငယ်လေးကို ဒီလိုအန္တရာယ်များတဲ့ ပစ္စည်းကို ပေးမကိုင်သင့်ကြောင်းဆိုကြပါတယ်။

(Beauty Syh)

သစ်ထူးလွင် (ဗဟုသုတ)
Knowledge.thithtoolwin.com

Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment