Powered by Blogger.

လူမှုကွန်ယက် အသုံးများခြင်းက ဆိုးရွှားတဲ့ စိတ်ခံစားချက်များကို ဖြစ်စေနိုင်


  ကိုပင်ဟေဂင်တက္ကသိုလ်ရဲ့စုံစမ်းလေ့လာချက်များအရ Facebook ကဲ့သို့ လူမှုကွန်ယက်များကို အချိန်အကြာကြီး သုံးစွဲလေ့ရှိသူများဟာ ပျော်ရွှင်မှုထက် မနာလိုဝန်တိုတဲ့ စိတ်ခံစားချက်များကိုသာ ပိုမိုရရှိစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

 ဒီလို စိတ်ခံစာမှုမျိုး ဖြစ်ပေါ်နိုင်ခြေ အရှိဆုံးပုံစံကတော့ ပြင်ပလောကမှာ ပေါင်းသင်းဆက်ဆံရေး နည်းပါးပြီး အွန်လိုင်းပေါ်မှာသာ အချိန်ကုန်နေလေ့ရှိသူမျိုး ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ လူမှုကွန်ယက်သုံးစွဲမူကို မဖြစ်မနေလျော့ချလိုက်ဖို့ လိုအပ်ပါတယ်။

 လေ့လာစမ်းသပ်ချက်အတွင်း အမျိုးသမီးအများစုပါဝင်တဲ့ လူအယောက်တစ်ထောင်ကို စမ်းသပ်စစ်ဆေးခဲ့ရာ လူမှုကွန်ယက်အသုံးများခြင်းက မိမိရဲ့ဘဝအပေါ်ထားရှိတဲ့ ကျေနပ်မှုနဲ့ စိတ်ခံစားချက်တို့အပေါ်မှာ မကောင်းမြင်စိတ်တွေ သက်ရောက်လာစေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ အွန်လိုင်းပေါ်က လူတစ်ယောက်ရဲ့အကြောင်းအရာကို ဖတ်ရှုကြည့်ရင်း လက်တွေ့မကျတဲ့ နှိုင်းယှဉ်မှုတွေလည်းကို ပြုလုပ်လာတတ်ကြပါတယ်။

 ဒါပေမယ့် လူမှုကွန်ယက်များပေါ်မှာ ဓါတ်ပုံတွေထိုင်ကြည့်တာမျိုးမဟုတ်ပဲ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပြောဆိုဆက်ဆံခြင်းမျိုးကတော့ ကောင်းကျိုးကို ပိုမိုရစေနိုင်တယ်လို့ လေ့လာသူများက ထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့် Facebook ဖြစ်ဖြစ် Twitter ဖြစ်ဖြစ် အသုံးပြုတဲ့အခါ ကန့်သတ်တဲ့ အချိန်လေးအတွင်းမှာ အသုံးပြုဖို့နဲ့ ပြင်ပလူလောကနဲ့လည်း အဆက်အသွယ်မပြတ်ဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment