Powered by Blogger.

စွန့်ပစ်ခံထားရတဲ့ ခွေးအကောင်ခုနှစ်ရာကျော်ကို မွေးမြူထားတဲ့ အိန္ဒိယနိုင်ငံသားတစ်ဦး




 Rakesh Shukla အမည်ရ အသက် ၄၅နှစ်အရွှယ် အိန္ဒိယနိုင်ငံသား ဆော့ဝဲလ်အင်ဂျင်နီယာကြီးတစ်ဦးဟာ လူတွေစွန့်ပစ်ခြင်းကို ခံထားရတဲ့ ခွေးအကောင်ခုနှစ်ကျော်ကို ကျွေးမွေးစောင့်ရှောက်ထားလို့ အိန္ဒိယနိုင်ငံအတွင်းမှာ Dog Father ဆိုပြီး တင်စားခေါ်ဆိုရတဲ့အထိကို နာမည်ကြီးနေသူဖြစ်ပါတယ်။

 Rakesh Shukla ဟာ နာမည်ကျော် နည်းပညာကုမ္ပဏီတွေနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ နည်းပညာလုပ်ငန်းကြီးတစ်ခုကို တည်ထောင်ထားသူဖြစ်ပြီး ငွေကြေးကြွယ်ဝချမ်းသာလာပြီးနောက်ပိုင်း သူလိုချင်သမျှအရာတွေကို ဝယ်ယူရင်းနဲ့ ဘဝရဲ့ပျော်ရွှင်မှုကို ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် တကယ့်ပျော်ရွှင်မှုအစစ်ကိုတော့ Rakesh Shukla မရရှိခဲ့ပါဘူး။


၂၀၀၉ခုနှစ်လောက်မှာတော့ သူရဲ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေမယ့် ကံကြမာတစ်ခုနဲ့ တွေ့ကြုံလိုက်ရပါတယ်။ Rakesh Shukla ဟာ ရွှေအိုရောင် အမဲလိုက်ခွေးမကြီးတစ်ကောင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး အိမ်မှာမွေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။

 ခွေးတစ်ကောင်နဲ့ အနီးကပ်ရင်းနှီးခွင့်ရလိုက်တဲ့ Rakesh Shukla ရဲ့စိတ်အတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး ခွေးတွေကို ချစ်ခင်စိတ်ဝင်လာပါတော့တယ်။ ဒီလို ပိုင်ရှင်မဲ့ခွေးလေးတွေကို တစ်ကောင်ပြီးတစ်ကောင် မွေးမြူသွားရာကနေ ၂၀၁၁ခုနှစ်မှာတော့ Voice of Stray
Dogs ( VoSD ) အမည်ရတဲ့ စွန့်ပစ်ခံခွေးများကယ်ဆယ်ရေးအသင်းကို တည်ထောင်နိုင်ခဲ့ပါတယ်။


Rakesh Shukla ဟာ VoSD မှာ တိရစ္ဆာန်ဆေးကုဆရာဝန်များအပါအဝင် အလုပ်သမားဆယ်ဦးလောက် ခန့်အပ်ထားပြီး မွေးမြူထားတဲ့ ခွေးလေးတွေအတွက် ကြက်သား ၂၀၀ကီလိုဂရမ်နဲ့ ထမင်း ၂၀၀ကီလိုဂရမ်ကို နေ့စဉ်ကျွေးမွေးလေ့ရှိပါတယ်။ စွန်ပ့စ်ခံခွေးလေးတွေအတွက် နေ့စဉ်ကျွေးမွေးတဲ့စရိတ်မှာ ဒေါ်လာ ၆၅၀ကနေ ၇၅၀ဝန်းကျင်လောက်အထိ ကုန်ကျပါတယ်။ ဒီလို ငွေကြေးကုန်ကျများခြင်းနဲ့ တခြားအခက်အခဲများကို ကြုံတွေ့ရပေမယ့်လည်း Rakesh Shukla ကတော့ ခွေးလေးတွေကို ဆက်လက်မွေးမြူသွားဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။



( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment