Powered by Blogger.

ဂျပန်နိုင်ငံက ခရီးသွားလမ်းညွှန်ချက်တစ်ချို့ပါဝင်တဲ့ ဖုန်းသန့်ရှင်းရေးစက္ကူကို စတင်သုံးစွဲ


ဂျပန်နိုင်ငံရဲ့ လေဆိပ်နဲ့ တစ်ခြားသယ်ယူပို့ဆောင်ရေးနေရာတွေက အိမ်သာတွေမှာတော့ ကျွန်တော်တို့ သာမန်မြင်နေကျ အိမ်သာသုံးစက္ကူလိပ်ရဲ့ ဘေးမှာ အရွယ်အစားအနည်းငယ်ပိုသေးတဲ့ စက္ကူလိပ်လေးတစ်ခု ရှိနေတာကို တွေ့မြင်ရမှာပါ။

ဒီစက္ကူလိပ်ကိုတော့ ဖုန်းတွေကို သုတ်ဖို့ အတွက် ထားထားတာဖြစ်တယ်လို့သိရပြီး စက္ကူပေါ်မှာ “Welcome To Japan” ဆိုတဲ့ စာတန်းနဲ့ အောက်ဘက်မှာတော့ အရေးကြီးတဲ့ public Wifi password တွေနဲ့ တစ်ခြားသော လမ်းညွှန်ချက်တွေပါဝင်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ တကူးတက ခရီးသွား ဆောင်ရန် ရှောင်ရန်တွေကို လိုက်ရှာစရာလိုတော့မှာမဟုတ်ဘဲ ဒီစက္ကူလေးကနေ သတင်းအချက်အလက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ အိမ်သာသွားရင်း ဖုန်းသုံးတတ်တဲ့သူတွေအတွက်လည်း ကျန်းမာရေးဆိုင်ရာ အထောက်အကူကို ဒီစက္ကူကနေရရှိမှာဖြစ်ပြီး အိမ်သာထဲမှာ ဖုန်းရဲ့ မျက်နှာပြင်ဟာ ပိုးမွှားတွေ ပေါက်ပွားမှု အများဆုံးနေရာတစ်ခုဖြစ်တာကြောင့် အခုလို ဖုန်းသန့်ရှင်းရေး ပြုလုပ်ဖို့ပါ စက္ကူလိပ်လေးထုတ်ပေးထားတာဖြစ်ပါတယ်။

တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတဲ့ အတိုင်းပဲ ဒီစက္ကူဟာ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ကောင်းသလို ခရီးသွားတွေဘက်က ကြည့်ရင်လည်း အကူအညီကို အတိုင်းအတာတစ်ခုထိ ပေးနိုင်မှာဖြစ်ပါတယ်။ လောလောဆယ် ဒီစက္ကူလိပ်တွေကိုတော့ ဂျပန်နိုင်ငံရဲ့ နာရစ်တာလေဆိပ်က အိမ်သာ ၈၆ ခုမှာ တပ်ဆင်ထားပေးပြီးဖြစ်ပြီး နောက်ပိုင်းမှာတော့ လေဆိပ်တိုင်းမှာ တိုးချဲ့တပ်ဆင်သွားမှာပါ။

ဂျပန်နိုင်ငံဟာ အဆင့်မြင့် အိမ်သာတွေကြောင့် နာမည်ကြီးပြီး အပူပေးထားတဲ့ အထိုင်ခံပြားနဲ့ ဘိုထိုင်အိမ်သာတွေ အပြင် သန့်ရှင်းမှုအားကောင်းတဲ့ ရေနွေးမိလ္လာစနစ်တွေက နိုင်ငံရဲ့ သန့်ရှင်းမှုနဲ့ ရောဂါကင်းရှင်းမှုကို ထောက်ပြနေတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာတော့ လူလာရင် အလိုလို အဖုံးဖွင့်ပေးတဲ့ ဘိုထိုင်အိမ်သာတွေကလည်း နာမည်ကြီးပါတယ်။

( Mocha )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment