Powered by Blogger.

Star Wars ဇာတ်ကားကြည့်ရင်း ရုပ်ရှင်ရုံထဲမှာ အိပ်ပျော်သွားပြီး ညသန်းခေါင်ရောက်မှ ပြန်နိုးလာ


လူတစ်ယောက်ကတော့ အိပ်ချင်မူးတူးနဲ့ ရုပ်ရှင်ရုံထဲကနေ ညဉ့်နက်မှ ပြန်ထွက်လာပါတယ်။ Star Wars နောက်ဆုံးဇာတ်ကားသစ် Rogue One ကို ကြည့်ရင်းနဲ့ အိပ်ပျော်သွားခဲ့တာဖြစ်ပြီး ရုပ်ရှင်ရုံထဲမှာ ဘယ်သူမှ မရှိတော့တဲ့ အချိန်ကျမှ နိုးလာခဲ့တာပါ။ Rogue One ဇာတ်ကားကတော့ စိတ်ဝင်စားစရာ အတိ ဖုံးလွှမ်းနေပေမယ့် သူ့အတွက်တော့ စိတ်ဝင်စားစရာ မကောင်းခဲ့တဲ့ ပုံပါပဲ။

အော်ဂီဂွန်ပြည်နယ်က ရုပ်ရှင်ရုံမှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး ဝါရှင်တန်နယ်မြေက စုံထောက်တွေကတော့ သူရုပ်ရှင်ရုံထဲမှာ အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး ရုပ်ရှင်ရုံရဲ့ အချက်ပေးစနစ်တွေကို ပွင့်အောင်ပြုလုပ်ပြီး အကူအညီတောင်းခဲ့တာပါ။

အမှောင်အတိနဲ့ ရုပ်ရှင်ရုံကြီးထဲမှာ ဒီအမျိုးသားကတော့ အသက်ရှူမဝဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အရေးပေါ်အချက်ပေးစနစ်ကြောင့် အသက်ရှင်ခဲ့ပြီး သူ့ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ရုပ်ရှင်ရုံက ဝန်ထမ်းတွေကတော့ သူတို့ အနေနဲ့ ရုံကို မပိတ်ထားခဲ့ခင်မှာ CCTV ကင်မရာကနေတစ်ဆင့် လူကျန် / မကျန်ကြည့်ရှုဖို့အတွက် မေ့လျော့ခဲ့တယ်လို့လည်း သိရပါတယ်။

( Mocha )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment