Powered by Blogger.

ဘာသာစကား ၅၆ မျိုးအထိ ရေရေလည်လည်ပြောနိုင်တဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသား


ကျွန်တော်တို့မှာတော့ မိခင်ဘာသာစကားပြီးရင် နောက်ထပ် ဘာသာစကားတစ်ခု ထပ်ပြောတတ်အောင်တောင် အတော်ကိုခက်ခဲတဲ့ အနေအထားရှိပါတယ်။ အခုအမျိုးသားကတော့ ထူးဆန်းပါတယ်။ အသက်ကတော့ ၃၂ တတ်ကျွမ်းတဲ့ဘာသာစကားက ၅၆ မျိုးတောင်ပါ။ နားလည်တဲ့ဘာသာစကားကတော့ အမျိုး ၇၀ ပါတဲ့။ နာမည်ကတော့ မူဟာမက်မီဆစ်ပါ။

ဘော့စနီးယားနိုင်ငံသား မီဆစ်ဟာ ဘာသာစကားတွေ လိုက်ပြီးလေ့လာနေရတာကို အတော်လေးနှစ်သက်တဲ့သူတစ်ယောက်ဖြစ်ပါသတဲ့။ အခွင့်အရေးရရင် ရသလိုပဲ ဘာသာစကားတတ်မြောက်ဖို့ ကြိုးစားတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အသက် ၅ နှစ်သားတည်းက အခုလိုပဲ တစ်ခြားဘာသာစကားတွေကို အပတ်တကုတ်လေ့လာခဲ့တယ်လို့လည်း သိရပါတယ်။



သူက ဘာသာစကားတတ်မြောက်ဖို့အတွက် ပါရမီလည်းပါပါတယ်။ မိသားစုနဲ့အတူ ဂရိကို ခရီးထွက်ချိန်မှာ သူဟာ လိုက်လမ်းညွန်ပေးတဲ့ Tour Guide ဆီကနေ ခရီးသွားနေစဉ်အတွင်းမှာပဲ ဂရိဘာသာစကားကို နားလည်နိုင်အောင် သင်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ခရီးကနေပြန်လာတဲ့အချိန် ကားပျက်သွားတဲ့အခါမှာတော့ မီဆစ်ဟာ ကားပြင်ဆရာကို ဂရိလို ရေရေလည်လည်ပြောပြီး ပြင်ခိုင်းနေတာကြောင့် သူ့မိသားစုက အတော်လေးကို အံ့သြသွားတယ်လို့ မီဆစ်က ပြောပါတယ်။

သူဟာ ဘော့စနီးယားတွေ မုန်းတီးတဲ့ ဟန်ဂေရီဘာသာစကားကိုလည်း တစ်ခဏအတွင်း သင်ယူနိုင်ခဲ့ပြီး ဘော်လတစ်ဘာသာစကားကိုလည်း သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်တွန်းမှုကြောင့် နှစ်ပတ်အတွင်းသင်ယူတတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဘော်လတစ်စကားပြောတတ်ဖို့အတွက် Youtube ဗီဒီယိုတွေနဲ့ စာအုပ်နှစ်အုပ် ၊ ကာတွန်း ၄၃ အုပ်သာ ဖတ်ရှုဖို့လိုအပ်ခဲ့တယ်လို့ သိရပါတယ်။

မက်ဆစ်ဟာ ဘာသာစကားသင်ယူဖို့ဆိုရင် အမြဲတမ်း ဆန္ဒပြင်းပြနေပြီး တစ်နှစ်ကို ရက် ၂၀၀ လောက် ကမ္ဘာပတ်ခရီးသွားနေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ သူဟာ ဘာသာစကား ၅၆ မျိုးအထိ တတ်မြောက်ထားပြီးဖြစ်ပြီး အပြောများတဲ့ အင်္ဂလိပ် ၊ ပေါ်တူဂီ နဲ့ ဂျပန်ဘာသာစကားတွေကိုလည်း တတ်မြောက်ထားပြီဖြစ်တယ်ုလိ့ သိရပါတယ်။


သူဟာ ရဝမ်ဒါမျိုးနွယ်တွေရဲ့ ဘာသာစကားတွေအပြင် တောင်အမေရိကက အင်းဒီးစ်လူမျိုးတွေရဲ့ ကွမ်ချွာဘာသာစကားတွေကိုလည်း ရေရေလည်လည်ပြောတတ်ပြီဖြစ်ပါတယ်။

တကယ်ဥာဏ်ရည်ကောင်းတဲ့ လူတွေတောင်တစ်သက်လုံးမှာ ဘာသာစကား ၅၀ ကျော်မတတ်မြောက်ပေမယ့်လည်း အသက် ၃၂ နှစ်နဲ့ ဘာသာစကား ၅၆ မျိုးအထိ တတ်ထားတာကတော့ ချီးကျူးစရာကောင်းလှပါတယ်။ သူဟာ ရိုမေးနီးယန်းစကားကိုလည်း ရိုမေးနီးယားလူမျိုးတွေထက်တောင် ကောင်းကောင်းပြောနိုင်တာကြောင့် ကျော်ကြားခဲ့တယ်လို့လည်း သိရပါတယ်။



( Mocha )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref :

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment