Powered by Blogger.

မြူခိုးတွေကြားထဲမှာ စာမေးပွဲဖြေခဲ့ရတဲ့ တရုတ်နိုင်ငံကကျောင်းသားများ



 တရုတ်နိုင်ငံ ဟီနန်စီရင်စုမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ဖြစ်သူဟာ ကျောင်းသားကျောင်းသူများကို မြူတွေအုပ်ဆိုင်းနေတဲ့အချိန်မှာ စာမေးပွဲဖြေခိုင်းခဲ့တယ်ဆိုပြီး အင်တာနက်စာမျက်နှာပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ရပါတယ်။

 ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့ ဖြစ်ပွားခဲ့တာဖြစ်ပြီး အလယ်တန်းကျောင်းသား ၄၈၀ခန့်ဟာ မြူနှင်းတွေဆိုးရွှားစွာ ကျဆင်းနေတဲ့ကြားက စာမေးပွဲကို ခက်ခဲစွာဖြေဆိုခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေဆိုးတစ်ရပ်နဲ့ စာမေးပွဲဖြေဆိုနေရတဲ့ ကျောင်းသားများရဲ့အဖြစ်ကို ကျောင်းသားမိဘများက ဓါတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်ရာ ဒီဖြစ်ရပ်မှာ တဟုန်ထိုး နာမည်ကြီးသွားပါတော့တယ်။


ဒီဖြစ်ရပ်ကို လူသိများသွားတဲ့အခါ ကျောင်းသားများကို အခုလိုပုံစံနဲ့ စာမေးပွဲဖြေခိုင်းခဲ့တဲ့ ကျောင်းအုပ်ဆရာအပေါ် ဝိုင်းဝေဖန်ခဲ့ကြပေမယ့် ကျောင်းအုပ်ဆရာကတော့ ကျောင်းသားများကို စာမေးပွဲဖြေဆိုခိုင်းတဲ့အချိန်ဟာ နှင်းဖွဖွကျဆင်းနေရုံသာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ သို့ပေမယ့် စာမေးပွဲဖြေဆိုခိုင်းခဲ့တဲ့နေ့မှာ တရားဝင် လေစံချိန်စံနှုန်း ငါးရာကျော်နေပြီး အနီအဆင့်အထိ ဖြစ်နေတာကြောင့် ကျောင်းအုပ်ဆရာ ပြောဆိုခဲ့တဲ့စကားတွေနဲ့ ဆန့်ကျင်ဘတ်ဖြစ်နေရပါတယ်။

 ကျောင်းအုပ်ဆရာအနေနဲ့ ပိုပြီးအပြစ်ကြီးသွားနိုင်တာက ထိုအချိန်ကာလမှာ ကျောင်းအားလုံးကို ပိတ်ထားခိုင်းတဲ့ အမိန့်ထွက်ပေါ်ခဲ့ပြီး ဒီအမိန့်ကိုမနာခံခဲ့ပဲ ကျောင်းသားများကို စာမေးပွဲဖြေဆိုခိုင်းခဲ့တာကြောင့် အရေးယူခံရဖို့လည်းရှိနေပါတယ်။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment