အပူချိန်ပြောင်းပြန်ဖြစ်မှုကြောင့် ပတ်ဝန်းကျင်မှာ မြူတွေလိုလို ဖြစ်နေရခြင်းက လူသားတို့အတွက် အန္တရာယ်မရှိနိုင်ပေမယ့် လေထုညစ်ညမ်းမှုဖြစ်စဉ်တွေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့နေမယ်ဆိုရင်တော့ သွေးဖိအားများလာပြီး သွေးတိုးရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
လေ့လာစမ်းသပ်ချက်များအရ မသန့်ရှင်းတဲ့လေထုနဲ့ အချိန်အကြာကြီး ထိတွေ့ရသူတွေမှာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေဟာ မြင့်မားလျက်ရှိပြီး နှလုံးရောဂါ ၊ လေဖြတ်ခြင်းနဲ့ အဆီပိတ်ခြင်းတို့လို အန္တရာယ်များတဲ့ ရောဂါတွေပါ ဖြစ်ပွားလာနိုင်ပါတယ်။ ယခင်က လေ့လာချက်များမှာလည်း လေထုညစ်ညမ်းမှုနဲ့ ကာလတိုထိတွေ့ရသူတွေမှာ သွေးဖိအားတိုးမြှင့်မှုတွေဖြစ်ပေါ်နိုင်ပေမယ့် အချိန်တစ်ခုကြာရင်တော့ သာမာန်သွေးဖိအားကို ပြန်ရောက်သွားနိုင်ကြောင်း သိရှိခဲ့ရပါတယ်။
လေ့လာစမ်းသပ်ချက်မှာ သွေးတိုးရောဂါ လုံးဝမရှိသူ အယောက်လေးသောင်းကျော်ပါဝင်ခဲ့ပြီး ဒီလူတွေကို လေထုအညစ်ညမ်းဆုံးနေရာများမှာ ထားရှိပေးခဲ့ရာ အားလုံးနီးနီးမှာ သွေးတိုးရောဂါဖြစ်နိုင်ခြေက ၂၂%အထိ မြင့်တတ်လာခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် လေထုညစ်ညမ်းမှုကြောင့် သွေးတိုးရောဂါဖြစ်နိုင်ခြေ အချက် ( ၃ ) ချက်ရှိနေလို့ လေထုညစ်ညမ်းမှုဟာ လူတိုင်းသတိထားသင့်တဲ့ အချက်အလက်ကြီးတစ်ခုလည်း ဖြစ်လို့နေပါတယ်။
( VitamiN )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Oddity
0 comments:
Post a Comment