အိန္ဒိယနိုင်ငံအတွင်းမှာ အိမ်ထောင်တစ်ခုပြုတော့မယ်ဆိုရင် သတို့သမီးဘက်ကနေ သတို့သားဘက်ကို ရွှေငွေတွေ အသုံးအဆောင်ပစ္စည်းတွေ ပေးရတတ်တဲ့ ရိုးရာဓလေ့ရှိပါတယ်။ ဒါပေမယ့် မိန်းကလေးဘက်က ဆင်းရဲနှံချာပြီး အုပ်ထိန်းသူဖခင်ပါ မရှိဘူးဆိုရင် သူ့ဘဝမှာ အိမ်ထောင်ပြုဖို့က လုံးဝကိုခက်ခဲသွားပါလိမ့်မယ်။
ဒီလို ခက်ခဲမှုတွေကနေ ကူညီပေးနေသူတစ်ဦးကတော့ Mahesh Savani အမည်ရ အိန္ဒိယသူဌေးကြီးတစ်ဦးဖြစ်ပါတယ်။ Savani ဟာ ဖခင်မရှိတဲ့ အမျိုးသမီးလေးတွေကို ဖခင်နေရာကနေ ပါဝင်ဆောင်ရွှက်ပေးပြီး မင်္ဂလာကိစ္စပြီးမြောက်သွားတဲ့အထိ ကူညီပေးနေသူဖြစ်ပါတယ်။ အခုချိန်ထိ Savani ကူညီပေးခဲ့တဲ့ သတို့သမီးပေါင်းဟာ ခုနှစ်ကျော်လောက်ကို ရှိနေပြီပဲဖြစ်ပါတယ်။
Savani ဟာ လွန်ခဲ့တဲ့ရှစ်နောက်လောက်က မိတ်ဆွေတစ်ဦးရဲ့သမီးဖြစ်သူ မင်္ဂလာဆောင်မှာ ဖခင်နေရာကနေ ဝင်ရောက်ကူညီပေးရင်းကနေ သူရဲ့စိတ်ထဲမှာ ဒီမိန်းကလေးလို ဖခင်မရှိလို့ မင်္ဂလာဆောင်ဖို့ ခက်ခဲနေတဲ့ အမျိုးသမီးတွေကို ကူညီပေးဖို့ စိတ်ကူးပေါ်ခဲ့တာဖြစ်ပါတယ်။ Savani အနေနဲ့ သူစိတ်ကူးပေါ်ခဲ့အတိုင်းကို အကောင်အထည်ဖော်ခဲ့ပြီး ဖခင်မရှိတဲ့ မိန်းကလေးအတွက် မင်္ဂလာစရိတ် ( သတို့သားပေးရသော စရိတ်စခ ) များကိုပါ သူ့ဘက်ကနေ စိုက်ပေးပြီး ကူညီပေးခဲ့ပါတယ်။
ဒီလို မင်္ဂလာဆောင်ဖို့ ကူညီပေးခဲ့ခြင်းဟာ လုပ်ခါစမှာ တစ်ဦးတစ်ယောက်ချင်းဆီကို ကူညီနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လာရောက်တောင်းဆိုသူ များပြားလာတာကြောင့် Savani ဘက်ကနေ မင်္ဂလာဆောင်ချင်ကြတဲ့ အမျိုးသမီးများကိုစုကာ ဒီဇင်ဘာလရောက်တိုင်း တစ်စုတစ်ဝေးတည်း မင်္ဂလာဆောင်ပေးခဲ့ပါတော့တယ်။
အခုလို မရှိဆင်းရဲသားတွေနဲ့ မိဘမဲ့သူများအပေါ် အမြတ်မထုတ်ပဲ စေတနာသန့်သန့်နဲ့ ကူညီပေးနေတဲ့ သူဌေးကြီး Savani လို အိန္ဒိယနိုင်ငသားများက ချီးကျူးဂုဏ်ယူနေကြပြီး သူတို့လူမျိုးတွေ အများအပြားပေါ်ပေါက်လာဖို့လည်း မျှော်လင့်နေကြပါတယ်ခင်ဗျာ။
( VitamiN )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : oddity
0 comments:
Post a Comment