Powered by Blogger.

ကျန်းမာရေးအတွက် ဘက်စုံအသုံးဝင်တဲ့ နနွင်းမှုန့်


 နနွင်းပင်တွေကို အသုံးပြုလာခဲ့တာ နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ရှိပြီဖြစ်ပြီး ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ဆေးဘက်ဝင်အပင်အဖြစ် သတ်မှတ်ထားခဲ့တာလည်း ကြာခဲ့ပြီဖြစ်ပါတယ်။ နနွင်းပင်ကရရှိတဲ့ နနွင်းမှုန့်ကိုသုံးပြီး အသက်ရှုစနစ် ၊ အစာခြေစနစ် ၊ သွေးပတ်လည်စီးဆင်းခြင်း ၊ နှလုံးစနစ်နဲ့ ဦးနှောက်စနစ်တို့ကိုပါ ထောက်ပံပေးနိုင်ပါတယ်။ ဒါကြောင့် နနွင်းမှုန့်ကိုသုံးပြီး ရောဂါဘယအမျိုးမျိုးကို သက်သာစေနိုင်တဲ့အကြောင်း ဖော်ပြပေးသွားပါမယ်။

 အစာခြေစနစ်နဲ့ဆိုင်တဲ့ ပြသာနာတစ်ခုခု ခံစားရပြီဆိုရင် နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနွေးထဲထည့်ပြီး သောက်ပေးခြင်းအားဖြင့် ဝေဒနာကိုသက်သာစေနိုင်ပါတယ်။ အရသာချိုချိုလေးမှ ကြိုက်နှစ်သက်သူဆိုရင်တော့ သကြား သို့မဟုတ် ပျားရည်ကို ထည့်သောက်နိုင်ပါတယ်။

 လည်ချောင်းနာရောဂါ ခံစားနေပြီဆိုရင်တော့ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောနှောပြီး တစ်နေ့ကိုလေးကြိမ်လောက် မျိုချပေးခြင်းဖြင့် ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ခံတွင်းဝေဒနာကို သက်သာစေချင်ရင်တော့ နနွင်းမှုန့်ရောထည့်ထားတဲ့ ရေနွေးနဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

 ဒါ့အပြင် မျက်နှာပေါ်က ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်အောင် နနွင်းမှုန့်က စွမ်းဆောင်နိုင်ပါတယ်။ နွားနို့ စားပွဲဇွန်းတစ်ဇွန်းစာနဲ့ နနွင်းမှုန့်အနည်းငယ်ရောပြီး ညမအိပ်ခင် မျက်နှာမှာလိမ်းပေးခြင်းဖြင့် ဝက်ခြံများကို ပျောက်ကင်းစေနိုင်ပါတယ်။ နွားနို့နဲ့နနွင်းမှုန့်ကို ရောနှောသောက်သုံးမယ်ဆိုရင်တော့ အဆစ်ရောင်ရောဂါကို သက်သာစေနိုင်ပါတယ်။

 နေစေ့လစေ့ ကိုယ်ဝန်သည်များအနေနဲ့ နွားနို့ပူပူလေးကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ထည့်ပြီး နေ့စဉ်သောက်သုံးပေးခြင်းဖြင့် မွေးဖွားတဲ့အချိန်မှာ အန္တရာယ်ကင်းစွာနဲ့ လွယ်လွယ်ကူကူမွေးဖွားနိုင်ပါတယ်။ ဒီလို အသုံးဝင်တဲ့နနွင်းမှုန့်ကို အိမ်တိုင်းမှာ အမြဲဆောင်ထားသင့်ပါကြောင်း ဖော်ပြတိုက်တွန်းပေးလိုက်ရပါတယ်ခင်ဗျာ။

( VitamiN )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : ba-bamail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment