Powered by Blogger.

ထောင်ကျနေတဲ့ချစ်သူကို ခရီးဆောင်အိတ်ထဲထည့်ပြီး လွတ်မြောက်အောင်ကြိုးစားခဲ့တဲ့ အမျိုးသမီး



 ဗင်နီဇွဲလားနိုင်ငံသူ အမျိုးသမီးတစ်ဦးဟာ ထောင်ဒဏ်ကြာခံနေရတဲ့ သူမရဲ့ရည်းစားဖြစ်သူကို ထောင်မှလွတ်မြောက်ဖို့အတွက် ခရီးအောင်အိတ်ကြီးကိုအသုံးပြုပြီး ထောင်မှလွတ်အောင် ဖန်တီးခဲ့ရာ မအောင်မြင်ခဲ့ပဲဖြစ်ခဲ့ရပါတယ်။

 အသက် ၂၅နှစ်အရွှယ်ရှိ Antonieta Robles Souda ဆိုသူဟာ ဗင်နီဇွဲလားနိုင်ငံ ဘာစီလိုနာမြို့မှာ ကားခိုးမှုပြစ်ဒဏ်ကြောင့် ထောင်ကိုးနှစ်နဲ့ရှစ်လ ထောင်အကျခံနေရတဲ့ ချစ်သူကို ထောင်မှလွတ်မြောက်ဖို့အတွက် ထောင်ဝင်စာလာတွေ့ရင်းနဲ့ ကြိုးစားကြံစည်ခဲ့ပါတယ်။

 Antonieta Robles Souda ဟာ ချစ်သူကို ထောင်ဝင်စာလာတွေ့ရင်း သူမတို့ရဲ့သမီးငယ်နဲ့အတူ ပန်းရောင်ခရီးဆောင်အိတ်တစ်လုံးကိုပါ ယူဆောင်လာခဲ့ပါတယ်။ မြောက်အမေရိကထောင်များရဲ့ ထုံးစံအရ ထောင်ဝင်စာလာတွေတဲ့အခါ ညအိပ်ညနေ နေထိုင်လို့ရပြီး Antonieta Robles Souda ကလည်း ချစ်သူနဲ့အတူ ထောင်ထဲမှာ တစ်ညတာအတူရှိနေခဲ့ပါတယ်။ ဒီလို အတူရှိခဲ့တဲ့အချိန်မှာ ထောင်ကလွတ်ဖို့ အကြံအစည်တွေထုတ်ခဲ့ပြီး နောက်ဆုံးမှာတော့ ပန်းရောင်ခရီးအိတ်ဆောင်ထဲမှာ သူမရဲ့ချစ်သူကို သယ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။


 နောက်တစ်နေ့အရောက်မှာတော့ Antonieta Robles Souda ဟာ ထောင်ကနေ အေးအေးဆေးဆေး ထွက်သွားနိုင်ခဲ့ပေမယ့် သိပ်လေးပုံမရတဲ့ ခရီးဆောင်အိတ်ကို မနည်းကြိုးစားသယ်နေရတဲ့ပုံကို ထောင်အစောင့်တွေက သတိထားမိသွားပြီး စစ်ဆေးကြည့်လိုက်ရာ အိတ်ထဲမှာ ကျွမ်းဘားသမားတစ်ယောက်လို ခွေခေါက်နေတဲ့ အကျဉ်းသားကို တွေ့မြင်သွားလိုက်ရပါတယ်။ ဒီလုပ်ရက်ကြောင့် Antonieta Robles Souda ဟာ ထောင်ကျခံရဖို့ သေချာနေပြီး သူတို့ရဲ့သမီးဖြစ်သူမှာလည်း လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခံရဖို့ရှိနေပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment