Powered by Blogger.

တိရစ္ဆာန်အသေတွေကို ဘောပင်ထည့်တဲ့အိတ်အဖြစ် ရောင်းချပြီးဝင်ငွေရှာနေတဲ့ ကျောင်းသားတစ်ဦး



 နိုင်ငံတကာက တက္ကသိုလ်တွေမှာရှိတဲ့ ကျောင်းသားအများစုဟာ ကျောင်းတတ်နေရင်းနဲ့ အချိန်ပိုင်းအလုပ်တွေကိုပါ တွဲဖက်လုပ်ကိုင်လေ့ရှိကြပါတယ်။ဟဒါပေမယ့် Jack Devaney ဆိုတဲ့ တက္ကသိုလ်ကျောင်းသားကတော့ ထူးခြားတဲ့အချိန်ပိုင်းအလုပ်တစ်ခုကို ကျောင်းတတ်ရင်းနဲ့ တွဲဖက်လုပ်ကိုင်နေပါတယ်။

 ဗြိတိန်လူငယ်မျိုးဖြစ်တဲ့ Jack Devaney ဟာ ကျောင်းတတ်နေရင်းနဲ့ တိရစ္ဆာန်အသေတွေရဲ့ အရေခွံကိုသုံးပြီး ဘောပင်ထဲအိတ်အဖြစ်နဲ့ ပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။ အသက် ၂၂နှစ်အရွှယ်ရှိ 3D ဒီဇိုင်းကျောင်းသား Jack ဟာ သားငါးရောင်းဆိုင်မှာ အကူဝန်ထမ်းအဖြစ် ကိုးနှစ်လောက် အချိန်ပိုင်းလုပ်ကိုင်ခဲ့ဖူးတာကြောင့် တိရစ္ဆာန်အရေခွံများကို ကြာရှည်စွာထားနိုင်အောင်လုပ်တဲ့ အတတ်ပညာနဲ့ ရင်းနှီးကျွမ်းဝင်နေတာဖြစ်ပါတယ်။

Jack ဟာ ဒီဆိုင်မှာ မြွေတွေကိုအစာကျွေးဖို့အတွက် ကြွက်ငယ်လေးတွေကို လှီးဖြတ်ရောင်းချပေးရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ရှဥ့်တွေ ယုန်တွေကိုပါ ခုတ်ထစ်ပေးလာရပါတယ်။ ဒီလိုအတွေ့အကြုံတွေကို သူရဲ့စိတ်ကူးသစ်တွေနဲ့ ပေါင်းစပ်လိုက်ပြီး တိရစ္ဆာန်အရေခွံလုပ်ထားတဲ့ ဘောပင်အိတ်တွေကို စတင်ထုတ်လုပ်လာခဲ့တာပဲဖြစ်ပါတယ်။

 Jack ဟာ သူရဲ့လက်ရာတွေကို Facebook ကနေတစ်ဆင့် တင်ရောင်းချခဲ့ပြီး စတင်ရောင်းချချိန်မှာပဲ လူစိတ်ဝင်စားမှုကို တဟုန်ထိုးရရှိလာခဲ့ပါတယ်။ လတ်တလောမှာ Jack ရဲ့လက်ရာတွေကို အမေရိကဘက်မှ ပိုမိုစိတ်ဝင်စားလျက်ရှိနေပေမယ့် Jack ကတော့ သူရဲ့ပစ္စည်းတွေကို နော်ဝေနိုင်ငံဘက်မှာသာ ရောင်းချလျက်ရှိနေပါတယ်။ Jack ရဲ့ လုပ်ငန်းအပေါ် လူအများစုက ဝိုင်းဝေဖန်လျက်ရှိနေကြပေမယ့် Jack ကတော့ ဒီအလုပ်ဟာ သူရဲ့အသက်မွေးဝမ်းကြောင်းအလုပ်မဟုတ်ပဲ ကျောင်းတတ်နေရင်းနဲ့ အချိန်ပိုင်းလုပ်နေခြင်းသာဖြစ်ကြောင်း ဖြေရှင်းထားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Src : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment