Powered by Blogger.

ပန်ကိတ်ပေါင်းတစ်သောင်းကျော်ပြုလုပ်ပြီး ရုရှားကုမ္ပဏီ ကမ္ဘာ့စံချိန်တင်


ရုရှားနိုင်ငံက ဂျုံကုမ္ပဏီတစ်ခုဟာ ပန်ကိတ်ပေါင်း ၁၃၀၀၀ နီးပါးကို ပြုလုပ်ပြီး ကမ္ဘာ့စံချိန်တစ်ရပ်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရုရှားဂျုံ အိတ်စ်ပို့ကုမ္ပဏီ JSC MAKFA ဟာ နွေဦးရာသီအထိမ်းအမှတ်အနေနဲ့ လူတွေကို ပန်ကိတ်ပေါင်း ၁၂၇၁၆ခု အထိ ပြုလုပ်ပြီး ဂင်းနစ်စ်ကမ္ဘာ့မှတ်တမ်းမှာ “ပန်ကိတ်အများဆုံးတည်ခင်းဧည့်ခံမှု” အဖြစ်နဲ့ စံချိန်တစ်ရပ်တင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒီပန်ကိတ်တွေကို ကျွမ်းကျင်စာဖိုမှူး ၁၆ယောက်က မော်စကိုမှာရှိတဲ့ ပြည်သူ့ပြခန်းမှာ ပြုလုပ်ခဲ့ကြတာပါ။ စားဖိုမှူးတွေအနေနဲ့ ဒီလိုကမ္ဘာ့စံချိန်တင်လောက်တဲ့ ပန်ကိတ်တွေကို ဖုတ်ဖို့အတွက် ရှစ်နာရီနီးပါးအချိန်ယူခဲ့ရကြောင်းလည်း သိရပါတယ်။

MAKFA ရဲ့ ဒါရိုက်တာဖြစ်သူ Natalia Yurevich က ဒီလိုစံချိန်တင်ဖို့အတွက် စားဖိုမှူးတွေကို အနီကပ်ကြည့်ကြပ်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။ “ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒီလိုစံချိန်တစ်ရပ် ရခဲ့လို့လည်း အရမ်းပျော်ရွှင်နေပါတယ်” လို့ ယူဗစ်ခ်ျကဆိုပါတယ်။



U Min Thant

#knowledge.thithtoolwin.com

Src : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment