Powered by Blogger.

ရဲတပ်ဖွဲ့ဝင်တွေပါကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ ချီလီနိုင်ငံက ပုဏ္ဏကတိုက်ခြင်းဖြစ်ရပ်


ယနေ့ကမ္ဘာပေါ်မှာ သိပ္ပံနည်းကျ ဖြေရှင်းလို့မရနိုင်တဲ့ ထူးဆန်းထွေလာဖြစ်စဉ်တွေ နေ့စဉ်နဲ့အမျှကြုံတွေ့ရလေ့ရှိပေမယ့် ရဲတပ်ဖွဲ့ဝင်တွေကပါ ဒီဖြစ်ရပ်တွေအပေါ် ထောက်ခံခဲ့ခြင်းမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ချီလီနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မမြင်နိုင်တဲ့ အမှောင်ပယောဂဖြစ်ရပ်ကတော့ အိမ်သားများသာမက လာရောက်ကူညီခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ တွေ့ကြုံခဲ့ရတယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ရက်နေ့က ချီလီနိုင်ငံ Puerto Montt ပြည်နယ်မှ အရပ်သားများက ရဲတပ်ဖွဲ့ဝင်များဆီ ဖုန်းဆက်အကူအညီလှမ်းတောင်းခဲ့လို့ သူတို့နေထိုင်ရာအိမ်တွေကို ရဲသားများ လာရောက်စစ်ဆေးခဲ့ရာ ထူးခြားတဲ့ဖြစ်ရပ်တွေနဲ့ ကြုံတွေ့သွားခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရောက်လာတဲ့အခါမှာတော့ အိမ်တစ်ခုလုံးရဲ့ ပြတင်းပေါက်မှန်တွေ ကွဲနေခြင်းကို စတင်တွေ့ရှိရပါတယ်။ ဒီလိုဖြစ်နေရခြင်းဟာ အိမ်ထဲမှာ အမှောင်ပယောဂတွေရှိနေတာကြောင့်ဖြစ်တယ်လို့ အိမ်ရှင်တွေက ထွက်ဆိုခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်များက ယုံကြည်ခဲ့ခြင်းမရှိပါဘူး။


 ဒါကြောင့် ဖြစ်စဉ်အတိအကျကိုစစ်ဆေးဖို့အတွက် အိမ်အတွင်းကို ဝင်ရောက်သွားခဲ့ရာ မမျှော်လင့်တဲ့ဖြစ်ရပ်တွေ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။

အိမ်ထဲကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့အခါ အိမ်ရဲ့မျက်နှာကြက်ပေါ်ကနေ ချွန်ထက်တွေပစ္စည်းတစ်ခုကို ပြုတ်ကျလာခဲ့ပြီး ထိုနေရာကို သွားရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဘယ်သူမှရှိမနေတာကို ထူးဆန်းစွာမြင်တွေ့ခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် ရဲတပ်ဖွဲ့ဝင်များလည်း ထိတ်လန့်တကြားဖြစ်လာပြီး အိမ်အတွင်းမှ ပြန်ထွက်ဖို့အလုပ်မှာပဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့နောက်ကျောကို ဓါးတစ်ချောင်းစိုက်ဝင်သွားပါတော့တယ်။



 ကံကောင်းထောက်မစွာနဲ့ပဲ ထိုရဲသားလေးက အကာအကွယ်အကျီကို ဝတ်ဆင်ထားတာကြောင့် ဆိုးဆိုးရွှားရွှား ဒဏ်ရာမရလိုက်ပဲ အသက်ချမ်းသာခွင့်ရသွားခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအားလုံး အိမ်ထဲကိုပြန်ထွက်လာတဲ့အချိန်မှာတော့ အိမ်အတွင်းမှ မီးခိုးငွေ့တွေထွက်လာပြီး မီးထလောင်တော့မယ့် အခြေအနေအထိကို မည်သူတစ်ဦးတစ်ယောက်မှမလုပ်ပဲ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလို ပုဏ္ဏကဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦ်းကတော့ သရဲကားတွေထဲမှာသာ မြင်တွေ့နိုင်တဲ့အရာတွေကို အပြင်လောကမှာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာဖြစ်လို့ အတော်လေးကိုကျောချမ်းစရာကောင်းကြောင်း ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Src : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment