Powered by Blogger.

အသက်ကြီးပေမယ့် မပျက်ဆီးသေးတဲ့ ဘာလင်မြို့က ဒစ်စကိုဘိုးဘိုးကြီး



အသက်အရွှယ်ကြီးရင့်လာတဲ့အခါမှာ ဘဝနေထိုင်မှုပုံစံက ပျင်းရိစရာကောင်းလာတဲ့ဘက်ကို တဖြည်းဖြည်းရောက်လာတတ်ကြပါတယ်။ ဒါပေမယ့် Bernhard Enste ဆိုတဲ့ အဘိုးကြီးတစ်ဦးကတော့ သူ့ဘဝရဲ့လက်ကျန်အချိန်တွေကို ငြီးငွေ့စွာ အကုန်မခံနိုင်ပဲ မြူးကြွတဲ့သံစဉ်တွေနဲ့သာ အချိန်ကုန်လေ့ရှိနေပါတယ်။


အသက် ၆၈နှစ်ရှိပြီဖြစ်တဲ့ Bernhard Enste ဟာ သူ့မြေးအရွှယ်လောက်သာရှိတဲ့ လူငယ်လေးတွေနဲ့အတူ ကလပ်တွေမှာ အသက်အရွှယ်နဲ့မလိုက်အောင် မြူးတူးပျော်ပါးနေလျက်ရှိသူဖြစ်ပါတယ်။ တကယ်တော့ Bernhard Enste ကို Techno ဘိုးဘိုးဖြစ်လာဖို့ သူရဲ့ဘဝကံကြမာက တွန်းပို့ခဲ့တာဖြစ်ပါတယ်။ ဘရင်ဂျီဘာသာဝင်တစ်ယောက်ဖြစ်တဲ့ Bernhard ဟာ အသက်ကြီးလာတဲ့တစ်နေ့ ဘုန်းတော်ကြီးတစ်ဦးဖြစ်လာဖို့ စိတ်ကူးထားပေမယ့် တကယ်တမ်းမှာတော့ လက်သမားဆရာတစ်ဦးသာ ဖြစ်လာခဲ့ပါတယ်။


အသက်လေးဆယ်အရွှယ်လောက်မှာတော့ လက်သမားအဖြစ်က အနားယူပြီး ပန်းချီဆရာတစ်ဦး ပြောင်းလဲအသက်မွေးပါတယ်။ ဒီလိုနဲ့ ဆယ်နှစ်ကျော်လောက် ကြာသွားတဲ့အခါမှာတော့ သူ့ဘဝဟာ တဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ Bernhard ရဲ့ တစ်ဦးတည်းသောသားမှာ ကင်ဆာရောဂါနဲ့ ဘဝတစ်ပါးကူးပြောင်းသွားခဲ့ပြီး ဇနီးဖြစ်သူကလည်း Bernhard နဲ့ ကွာရှင်းသွားခဲ့ပါတယ်။ ထိုအချိန်မှာ Bernhard ဟာ အရမ်းစိတ်သောကရောက်ခဲ့ရပြီး သူရဲ့မွေးရပ်မိန့်ဇ်မြို့ကနေ ဘာလင်မြို့ကို ပြောင်းရွှေ့သွားခဲ့ပါတော့တယ်။



 ဘာလင်မြို့ကို ရောက်ရှိလာတဲ့အချိန်မှာတော့ Bernhard ရဲ့ ဘဝနေထိုင်မှုပုံစံကို လုံးဝကိုပြောင်းလဲသွားခဲ့ပါတော့တယ်။ မိတ်ဆွေတစ်ဦးရဲ့ ဖိတ်ကြားမှုနဲ့ ပါတီတစ်ခုကို တတ်ရောက်ခဲ့ရင်း Techno တီးလုံးတွေ မီးရောင်တလက်လက်နဲ့ ကခုန်မြူးထူးနေမှုတွေနဲ့ စတင်ရင်းနှီးသွားခဲ့ပြီး Bernhard ရဲ့စိတ်ကို တဖြည်းဖြည်းနှိုးဆွလာပါတော့တယ်။ အခုဆိုရင် Bernhard ဟာ ကလပ်တိုင်းလိုလိုမှာ ညလုံးပေါက်ကဲလေ့ရှိသလို ပါတီတွေအများစုကလည်း Bernhard ကို မဖြစ်မနေ ဖိတ်ခေါ်လာကြပါတယ်။ ဒါတွေတင်မကသေးပဲ အဆိုတော်များက Music Video ရိုက်ကူးဖို့အတွက် Bernhard ကို လာရောက်ကမ်းလှမ်းလာကြပါတယ်။



 Bernhard က အခုလို အသက်အရွှယ်နဲ့မလိုက်အောင် ပျော်ရွှင်နေတာနဲ့ပတ်သက်ပြီး " ကျွန်တော်ရဲ့မျိုးဆက်ကတော့ ပြတ်သွားပါပြီ။ ကျွန်တော်လည်း မငယ်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော့်လို သက်ကြီးရွှယ်အိုအများစုမှာ ငွေနဲ့ သူတို့ဘယ်အချိန် လောကကြီးက ထွက်ခွာရမလဲဆိုတဲ့ အတွေးကိုပဲ ပိုင်ဆိုင်နေကြတယ်။ ဘဝရဲ့အလှတွေကို သူတို့မမြင်နိုင်ကြဘူးလေ။ ကျွန်တော်ကတော့ ကျွန်တော့်ဘဝရဲ့ပျော်ရွှင်မှုက ကခုန်မှုဆိုတာကို တွေ့ရှိခဲ့တယ်။ ဒါဟာ ကျွန်တော့်ဘဝမှာ ဆက်လက်ရှင်သန်ဖို့အတွက် နည်းဗျူဟာတစ်ခုပါပဲ " လို့ ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Src : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment