Powered by Blogger.

သမီးမွေးလာမလားဆိုပြီး မျှော်လင့်ခဲ့တဲ့ လင်မယားနှစ်ဦး သား ၁၃ယောက်ကိုသာ မွေးဖွားနိုင်ခဲ့


 ဘရာဇီးနိုင်ငံ Concei ao de Coit ဒေသမှာ နေထိုင်နေသူ လင်မယားနှစ်ဦးဟာ အိမ်ထောင်ပြုခါစကတည်းက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သမီးမိန်းကလေးတစ်ဦးကို ရအောင်မွေးဖွားမယ်လို့ ဆုံးဖြတ်ထားခဲ့ကြတာဖြစ်ပါတယ်။ သို့ပေမယ့် လင်မယားနှစ်ဦးရဲ့ အိမ်ထောင်သက်တမ်းက ဆယ်စုနှစ်နှစ်ခုခန့်သာ ကြာရှည်သွားခဲ့ပြီးနောက် သမီးမိန်းကလေးတစ်ယောက်ကိုမှ မမွေးနိုင်ခဲ့ပေမယ့် သားယောကျာင်္းလေးသာ ၁၃ယောက်အထိ မွေးဖွားနိုင်ခဲ့ပါတယ်။

  အသက်လေးဆယ်ခန့်ရှိပြီဖြစ်တဲ့ လယ်သမားကြီး Ireneu Cruz နဲ့ သူရဲ့ဇနီး Jucicleide Silva တို့ဟာ သမီးမိန်းကလေးမွေးလာဖို့ မျှော်လင့်နေခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ သားတွေကိုသာ ဘောလုံးတစ်သင်းစာလောက်အထိ မွေးဖွားနိုင်ခဲ့ရပါတယ်။ သား ၁၃ယောက်ထဲမှာ အကြီးဆုံးသားက အသက် ၁၈နှစ်ရှိပြီဖြစ်ပြီး အငယ်ဆုံးသားလေးကတော့ တစ်လသားသာ ရှိပါသေးတယ်။ Ireneu နဲ့  Jucicleide တို့လင်မယားနှစ်ဦးဟာ ကလေးမွေးဖွားတဲ့အခါတိုင်းမှာ သားယောကျာင်္းလေးမွေးရင် ခင်ပွန်းသည်  Ireneu စိတ်ကြိုက် နာမည်ပေးခွင့်ရှိပြီး သမီးမွေးရင်တော့ ဇနီးသည်  Jucicleide စိတ်ကြိုက် နာမည်ပေးခွင့်ရှိတယ်လို့ လင်မယားနှစ်ဦးကြား သဘောတူညီချက် ထားရှိထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိမှာ သား ၁၃ယောက်ကိုသာ မွေးထားနိုင်ခဲ့တာဖြစ်လို့ Jucicleide အနေနဲ့ သူ့ရင်သွေးတစ်ဦးတစ်ယောက်ကိုမှ နာမည်ပေးနိုင်ခွင့် မကြုံရသေးပဲ ခင်ပွန်းသည် Ireneu ကသာ သူစိတ်တိုင်းကျ နာမည်များကို ပေးခွင့်ရနေတာဖြစ်ပါတယ်။

 ဘရာဇီးနိုင်ငံလို့ ပြောလိုက်ပြီဆိုရင် ကမ္ဘာကျော် ဘောလုံးကစားသမားဖြစ်တဲ့ ရိုနယ်ဒို ၊ ရိုနယ်ဒင်ဟို ၊ ကာကာ ၊ ကာဖူး ၊ နေမာတို့ကို ပြေးမြင်မိမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘရာဇီးနိုင်ငံ ဘောလုံးကစားသမားကောင်းတွေကို မွေးထုတ်ပေးနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်နေလို့ပါပဲ။ ဒါကြောင့် လယ်သမား Ireneu ကလည်း သူရဲ့သား ၁၃ ယောက်လုံးကို တချိန်ချိန်မှာ ကမ္ဘာကျော် ဘောလုံးသမားတွေ ဖြစ်လာစေဖို့အတွက် သား ၁၃ ယောက်လုံးရဲ့ နာမည်တွေမှာ R နဲ့ စတင်ပြီး နာမည်ပေးထားခဲ့ပါတယ်။ ဘရာဇီးမှ ကမ္ဘာကျော် ဘောလုံးသမားများဖြစ်တဲ့ ရိုနယ်ဒို ၊ ရီဗယ်ဒို ၊ ရောဘတ်တိုကားလို့စ် ၊ ရိုနယ်ဒင်ဟိုတို့ဟာလည်း နာမည်တွေမှာ R နဲ့ စထားလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် Ireneu ရဲ့စိတ်ကူးအတိုင်း သားတွေထဲက ဘယ်သူကများ ကမ္ဘာကျော် ဘောလုံးသမားဖြစ်လာနိုင်မလား ဒါမှမဟုတ် ဆယ်စုနှစ်နှစ်ခုကြာ ကြိုးစားခဲ့မှုကနေ အရာထင်ပြီး သမီးမိန်းကလေး မွေးဖွားသွားမလားဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment