Powered by Blogger.

မိုင်ပေါင်းများစွာ ကွာဝေးနေပေမယ့် အချစ်စစ်ကြောင်း သက်သေပြနိုင်ခဲ့တဲ့ အွန်လိုင်းပေါ်က ချစ်သူစုံတွဲ


 အကွာအဝေးတွေ ဘယ်လောက်ပဲခြားနားပါစေ အချစ်ဆိုတာအရာက ဝေးကွာနေတဲ့ ခရီးမိုင်ပေါင်းများစွာကို ကျုံ့သွားစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါကို သက်သေပြနိုင်ခဲ့တဲ့ ချစ်သူစုံတွဲတစ်လည်း သိပ်မကြာသေးခင်ကမှ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ဒီအကြောင်းအရာလေးကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

 အသက် ၂၁နှစ်အရွှယ်ရှိ အီတလီနိုင်ငံသူ Ilaria Monte Blanco ဟာ ဘာရီမြို့က စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး အချစ်အတွက် မိုင်ပေါင်းများစွာကို မကြောက်မရွှံ ခရီးဆက်လာနိုင်ခဲ့သူဖြစ်ပါတယ်။ Ilaria ဆီမှာ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိပြီး သူကတော့ အင်ဒိုနီးရှားနိုင်ငံ ဂျားဗားမြို့အနီးမှာ နေထိုင်တဲ့ ရွှာသားလေး Dzulfikar ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ Facebook ပေါ်ကနေ စတင်ဆုံစည်းခဲ့ကြတာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်သွားခဲ့ရာကနေ လက်ထပ်ဖို့အထိပါ ဆုံးဖြတ်ခဲ့ကြပါတယ်။

 ဒီလိုနဲ့ Ilaria ဟာ အင်ဒိုနီးရှားနိုင်ငံကိုလာပြီး Dzulfikar ကို လက်ထပ်နိုင်ဖို့အတွက် အလုပ်ကနေ ရှာသမျှငွေအားလုံးကို စုဆောင်းထားခဲ့ပါတယ်။ နှစ်နှစ်တာလောက် ပိုက်ဆံစုအပြီးမှာတော့ အင်ဒိုနီးရှားနိုင်ငံကို လာရောက်ခွင့် ရသွားခဲ့လို့ Ilaria ရဲ့ စိတ်ကူးအိမ်မက်လေးတွေ အစပျိုးခွင့် ရသွားခဲ့ပါတယ်။ အီတလီနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံဆိုတာ မိုင်ပေါင်း ၆၉၁၅မိုင်လောက်အထိကို ကွာဝေးတာဖြစ်ပေမယ့် Ilaria အတွက် ဒီအကွာအဝေးဟာ ဂရုစိုက်ရမယ့်ကိစ္စ ဖြစ်မလာခဲ့ပါဘူး။ ဒီလိုနဲ့ ဒီနှစ် ဧပြီလထဲမှာတော့ Ilaria ဟာ Dzulfikar ရှိရာ အင်ဒိုနီးရှားနိုင်ငံကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။

 ယဉ်ကျေးမှု ရေမြေသဘာဝ မတူညီတဲ့နေရာကို ရောက်ရှိသွားခဲ့တဲ့နေရာကို ရောက်ရှိသွားတာကြောင့် Ilaria ကို Dzulfikar ရဲ့ရွာမှလူများက အထူးအဆန်းသဖွယ် လိုက်ကြည့်ရှုကြတဲ့အပြင် သင်္ကာမကင်းဖြစ်သွား ရဲစခန်းကိုပါ အကြောင်းကြားခဲ့လိုက်ပါတယ်။ ကိစ္စတွေအားလုံး ဖြေရှင်းပြီးနောက်မှာတော့ Dzulfikar နဲ့ Ilaria တို့ ဆုံစည်းခွင့် ရသွားခဲ့ပါတယ်။ မိုင်တွေအဝေးကြီးကနေ အချိန်တွေအကြာကြီး တစ်ဦးနဲ့တစ်ဦး မမြင်တွေ့ခဲ့ရပဲ ချစ်ကြိုက်ခဲ့သူနှစ်ဦး အခုလို နဖူးတွေ့ဒူးတွေ့ မြင်တွေ့လိုက်ရလို့ နှစ်ယောက်လုံး အတိုင်းမသိ ဝမ်းမြောက်သွားခဲ့ရပါတယ်။ အခုဆိုရင် Ilaria နဲ့ Dzulfikar တို့နှစ်ဦးဟာ မင်္ဂလာဆောင်ဖို့ စတင်စီစဉ်နေကြပြီလို့ သိရှိရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment