Powered by Blogger.

ကတ်ကြေးအစား ပုဆိန်ကိုသာ သုံးစွဲခဲ့တဲ့ ဆံပင်ညှပ်ဆရာ


 သင့်ဘဝမှာ အရမ်းကြမ်းတဲ့ ဆံပင်ညှပ်ဆရာနဲ့ ဆုံခဲ့ဖူးတယ်ဆိုရင်တောင် ရုရှားနိုင်ငံသား ဆံပင်ညှပ်ဆရာ Daniil Istomin လောက် ကြမ်းမယ်မထင်ပါဘူး။ Daniil Istomin ဟာ သူ့ဆီမှာ ဆံပင်လာညှပ်တဲ့ ဖောက်သည်တွေကို ကတ်ကြေးနဲ့သုံးပြီး ဝန်ဆောင်မှုပေးတာမဟုတ်ပဲ ပုဆိန်ကိုသုံးပြီး ဝန်ဆောင်မှုပေးနေတာပဲဖြစ်ပါတယ်။

 အခြားသော ဆံပင်ညှပ်ဆရာများနည်းတူ Daniil ဟာလည်း ပုဆိန်နဲ့ ဆံပင်ညှပ်နည်းပညာကို ကိုယ်တိုင်သင်ကြားရင်းနဲ့ ကျွမ်းကျင်တတ်မြှောက်လာခဲ့တာဖြစ်ပါတယ်။ အန္တရာယ်များတဲ့ ဆံပင်ညှပ်နည်းမျိုးဖြစ်လို့ Daniil လိုအနေနဲ့ နှစ်နှစ်တာခန့်လောက်အထိ သေချာလေ့လာခဲ့ရပြီး ထိုနောက်မှသာ လုံးဝကျွမ်းကျင်သွားခဲ့တာဖြစ်ပါတယ်။  Daniil အနေနဲ့ ဒီလို အမိုက်စားဆံပင်ညှပ်ဆရာမဖြစ်ခင်မှာ အဝတ်အစား ဒီဇိုင်းတွေရဲ့ ဖက်ရှင်မောင်အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှသာ ဆံပင်ညှပ်ဆရာအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ " ပုဆိန်က အရာအာလုံးကို လွယ်ကူအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ပုဆိန်ရိုက်ချက်တစ်ချက်က ကတ်ကြေးဆယ်ချောင်းနဲ့ ညှပ်လိုက်တဲ့ပမာဏလောက်အထိရှိလို့ အချိန်ကုန်သက်သာတယ် " လို့ Daniil က ရုရှားသတင်းဌာန RIA Novosti ကို  ရှင်းပြသွားခဲ့ပါတယ်။

 Daniil Istomin က သူရဲ့ထူးခြားပြောင်မြောက်တဲ့ ဆံပင်ညှပ်စွမ်းရည်များကို အရည်အချင်းပြပွဲများတွေမှာ တစ်နှစ်နီးပါးလောက် ပြသနိုင်ခဲ့ပြီးနောက် နာမည်ကြီး ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ Right This Minute မှာ ပါဝင်ခွင့်ရလာပြီး သူရဲ့အစွမ်းကို လူသိများလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Daniil ဟာ ရုရှားအခြေစိုက် RT ရုပ်သံနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီး သူရဲ့ပုဆိန်နဲ့ ဆံပင်ညှပ်စွမ်းရည်ကို နိုင်ငံတဝန်း ကမ္ဘာတဝန်း ပြသနိုင်ခဲ့ပါတယ်။ Daniil အနေနဲ့ ရိုးရိုးတန်းတန်း ဆံပင်ညှပ်နည်းလမ်းတွေအပေါ် ပျင်းရိနေတာကြောင့် ဆံပင်ညှပ်နည်းလမ်းအသစ်များကို တီထွင်ခဲ့တာဖြစ်ပါတယ်။ Daniil ဟာ ပုဆိန်ကိုင်ပြီး ဆံပင်မညှပ်ခင်က မျက်လုံးကိုအဝတ်စည်းပြီး ကတ်ကြေးနှစ်ချောင်းကို ဂဟေဆော်ကာ ဆံပင်ညှပ်ပေးခဲ့ဖူးပါတယ်ခင်ဗျာ။

VitamiN


#knowledge.thithtoolwin.com


Ref: Oddity Centeral


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment