Powered by Blogger.

သက်စွန်ဆံဖျား အမှိုက်ကောက်ရသူများ



 တရုတ်နိုင်ငံသားများစွာဟာ နှစ်စဉ်နှစ်တိုင်း နိုင်ငံအတွင်းက ကြောက်မက်စရာကောင်းတဲ့ တောင်တွေဆီကို သွားရောက်လည်ပတ်ကြလေ့ရှိပါတယ်။ ဒီလိုလည်ပတ်တဲ့အခါတိုင်းမှာလည်း တရုတ်နိုင်ငံသားများက အမှိုက်သရိုက်များစွာကို မဆင်မခြင် လွင့်ပစ်တတ်ကြပါတယ်။ ဒီအမှိုက်တွေကို စွန့်စွန့်စားစား လိုက်လံကောက်ယူဖို့အတွက် အလုပ်သမားများစွာကို ခန့်အပ်ထားပြီး ထိုသူတွေကို ပင့်ကူလူသား သန့်ရှင်းရေးသမားများလို့ နာမည်ပြောင်ပေးထားပါတယ်။

  ပင့်ကူလူသား သန့်ရှင်းရေးသမားများဟာ ပေပေါင်းထောင်ချီမြင့်မားပြီး မက်စောက်တဲ့တောင်တွေပေါ်မှာ ရောက်ရှိနေတဲ့ အမှိုက်သရိုက်များကို ရှင်းလင်းဖို့အတွက် ကြိုးတစ်ခုတည်းကိုသာ အသုံးပြုပြီး လုပ်ကိုင်နေရတာဖြစ်ပါတယ်။ အခုလို အသက်အန္တရာယ်များတဲ့ အလုပ်အကိုင်ကို လုပ်ကိုင်နေတာကြောင့် သူတို့တွေကို ပင့်ကူလူသားအဖြစ်နဲ့ တင်စားခေါ်ဆိုကြတာဖြစ်ပြီး တချို့သန့်ရှင်းရေးသမားများမှာလည်း သူတို့ကို နာမည်ပြောင်ပေးထားတာနဲ့ ကိုက်ညီမှုရှိအောင် ပင့်ကူလူသားဝတ်စုံကို ဝတ်ဆင်ထားလေ့ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေဖို့အတွက်နဲ့ ပျက်ဆီးမှုမဖြစ်ဖို့အတွက် သန့်ရှင်းရေးသမားများမှာ နေ့တိုင်းလိုလို အသက်နဲ့ရင်းပြီး အလုပ်လုပ်နေရတာဖြစ်ပါတယ်။

 ပင့်ကူလူသား သန့်ရှင်းရေးသမားများဟာ အသက်အန္တရာယ်နဲ့ အနီးဆုံးအလုပ်ကို လုပ်ကိုင်နေရတာဖြစ်လို့ မကြာခဏ ဒဏ်ရာများစွာ ရရှိကြသလို အချို့သန့်ရှင်းရေးသမားဆိုရင်လည်း လုပ်ငန်းခွင်အတွင်းမှာ မူးလဲပြီး သတိလစ်သွားတတ်ကြပါတယ်။ လူအနည်းငယ်လောက်သာ လုပ်ကိုင်နေကြတဲ့ ဒီအလုပ်ကို လုပ်ကိုင်နေသူများအနေနဲ့ လုပ်အားခအဖြစ် တစ်နေ့ကို ယွမ်တစ်သောင်း ( အမေရိကန်ဒေါ်လာ ၁၆၀၀ ) လောက်အထိကို ထိုက်ထိုက်တန်တန် ရရှိပါတယ်။ ဒီလို သက်စွန့်ဆံဖျား အမှိုက်ကောက်ပြီး သန့်ရှင်းရေးလုပ်နေရသူများ ရှိနေပေမယ့်လည်း အမှိုက်ပစ်သူများကတော့ ယနေ့ထက်ထိတိုင် အမှိုက်သရိုက်များကို စွန့်ပစ်လို့ကောင်းနေတုန်းပါပဲခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment