Powered by Blogger.

နှလုံးခွဲစိတ်မှု အောင်မြင်ခဲ့တဲ့ ကမ္ဘာ့အသေးဆုံး မွေးကင်းစ ကလေးငယ်လေး



 ပေါင်တစ်ပေါင်ထက်တောင် အနည်းငယ်လျော့နည်းနေတဲ့ ကမ္ဘာ့အသေးငယ်ဆုံး မွေးကင်းစ ကလေးငယ်လေးကို ခွဲစိတ်အထူးကု ဆရာဝန်များက နှလုံးခွဲစိတ်မှု လုပ်ငန်းစဉ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်လို့ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် အခွင့်အလမ်းများသွားခဲ့ပြီလို့ သိရပါတယ်။

 အဆိုပါ ကလေးငယ်လေးကို အိန္ဒိယနိုင်ငံအနောက်ပိုင်း Udaipar ဒေသမှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ လူ့လောကထဲ ရောက်ရှိနေတာ ၂၈ပတ်ခန့်ရှိပြီဖြစ်ပေမယ့် ဒီကလေးငယ်လေးရဲ့မျက်လုံးများက မပွင့်နိုင်သေးသလို အဆုတ်များကလည်း ကောင်းစွာအလုပ်မလုပ်နိုင်သေးပါဘူး။ ပိုဆိုးတာကတော့ နှလုံးရဲ့အဓိက သွေးကြောများဖြစ်တဲ့ ပင်မသွေးလွှတ်ကြောနဲ့ အဆုတ်သွေးလွှတ်ကြောတို့ ပူးကပ်နေတာကြောင့် ဆရာဝန်များအနေနဲ့ ခွဲစိတ်မှုလုပ်ဆောင်ပေးခဲ့ရပါတယ်။


 တကယ်တော့ ဒီဖြစ်စဉ်ဟာ ဆေးဝါးနဲ့ကုသနိုင်ပေမယ့် ကလေးငယ်လေးက ဆေးဝါးနဲ့ကုမရနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတာကြောင့် ခွဲစိတ်ကုသဖို့ကိုပဲ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။ ဆရာဝန်များအနေနဲ့ကလည်း ကလေးက အလွန်ကိုသေးငယ်နေတာကြောင့် ခွဲစိတ်မှုကို ခဲခဲယဉ်းယဉ်း လုပ်ဆောင်ခဲ့ရပြီး နောက်ဆုံးမှာတော့ အောင်မြင်သွားနိုင်ခဲ့ပါတယ်။

 ခွဲစိတ်ကုသမှုနဲ့ပတ်သတ်ပြီး နှလုံးအထူကု ဆရာဝန်ကြီးတစ်ဦးက " ဒီကလေးလေးရဲ့ ကိုယ်အလေးချိန်က ၄၇၀ဂရမ်လောက်ပဲ ရှိတာဆိုတော့ ထန်းရွှက်ပမာဏလောက်ပဲ ရှိပါတယ်။ ဒါကြောင့် ဒီကလေးငယ်လေးကို ခွဲစိတ်ပေးရတာ တော်တော်လေးကို ခဲယဉ်းခဲ့ပါတယ်။ ကလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အလွန်အမင်း သေးငယ်နေလွန်းတာက ကျွန်တော်တို့အားလုံးအတွက်လည်း စိမ်ခေါ်မှုဖြစ်ခဲ့တယ် " လို့ ရှင်းပြသွားခဲ့ပါတယ်။ ကလေးငယ်ရဲ့မိဘတွေကတော့ သူတိုရဲ့ရင်သွေးလေးဟာ အလေးချိန်နည်းနည်းလေးနဲ့ မွေးဖွားလာတာကိုတောင် အခုအချိန်အထိ အသက်ရှင်သန်နိုင်သေးတဲ့ ဂုဏ်ယူမိကြောင်းနဲ့ ဆက်လက်ပြီး ရှင်သန်နိုင်ဖို့ကိုလည်း မျှော်လင့်နေပါကြောင်း ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

   VitamiN

   #Knowledge.thithtoolwin.com

    Ref:Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment