Powered by Blogger.

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေရသူ တောင်ကိုရီးယားသမ္မတရဲ့ ကိုယ်ရံတော်



 တောင်ကိုရီးယားနိုင်ငံလို့ ပြောလိုက်တာနဲ့ ချောချောလှလှ ကိုရီးယားမင်းသမီးတွေ ၊ မြူးကြွတဲ့ သံစဉ်များနဲ့ ကေပေါ့လ်တေးဂီတတွေနဲ့ ဖွယ်ဖွယ်ရာရာရှိလှတဲ့ ကိုရီးယားအစားအသောက်တွေကို အရင်ဆုံးပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်အောင်လည်း သူတို့ဘက်ကနေ အစွမ်းကုန်ကြိုးစားခဲ့တာပဲမလား။ အခုလည်း ကမ္ဘာတဝန်းက ပျိုမဒီတွေကို ညို့ငင်နိုင်မယ့် ကိုရီးယားသားတစ်ဦး ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါပြီ။ သူကတော့ လက်ရှိ သမ္မတစ်အသစ်ရဲ့ ကိုယ်ရံတော်ပဲဖြစ်ပါတယ်။

Choi Young Jae လို့အမည်ရတဲ့ အမျိုးသားဟာ လက်ရှိ တောင်ကိုရီးယားသမ္မတဖြစ်သူ Moon Jae-in ရဲ့ ကိုယ်ရံတော်တစ်ဦးပဲဖြစ်ပါတယ်။ Moon Jae-in သမ္မတဖြစ်လာပြီး နိုင်ငံအတွင်းက မြို့တွေမှာ လည်ပတ်ဟောပြောမှုတွေ ပြုလုပ်ခဲ့စဉ်က သမ္မတအနားကနေ စောင့်ရှောက်ပေးနေတဲ့ ကိုယ်ရံတော် Choi Young Jae ကို ပြည်သူများက သူတို့ရဲ့သမ္မတထက်ပင် ပိုမိုစိတ်ဝင်စားလျက် ရှိနေပါတယ်။

 Choi Young Jae ရဲ့ကျော်ကြားမှုက နိုင်ငံအတွင်းမှာသာမကပဲ သူရဲ့ဓါတ်ပုံတွေ အင်တာနက်စာမျက်နှာပေါ် ပျံနှံသွားတဲ့နောက်ပိုင်း အခြားသော နေရာဒေသအသီးသီးမှ အမျိုးသမီးထုများက Choi Young Jae ကို စိတ်ဝင်စားမှုနှုန်းတွေ မြင့်တတ်လာခဲ့ကြပါတယ်။ ဒီလို ပျိုတိုင်းကြိုက်တဲ့ နှင်းဆိခိုင်ဘဝကို ရောက်ရှိလာသူ Choi Young Jae ဟာ အသက် ၃၆နှစ်ရှိပြီဖြစ်ပြီး အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံနဲ့ပတ်သက်တဲ့ စစ်ရေးအရာအားလုံးကို တာဝန်ယူထားရတဲ့ အထူးတပ်ဖွဲ့ရဲ့အရာရှိတစ်ဦးလည်းဖြစ်ပါတယ်။

 ယောကျာင်္းပီသလွန်းတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားရတာကြောင့် Choi Young Jae ကို လူအများက ရုပ်ရှင်သရုပ်ဆောင်တောင် လုပ်စေချင်နေကြပါတယ်။ ဒါတွေတင်မကသေးပဲ အမျိုးသမီးတိုင်းကလည်း Choi Young Jae ကို သူတို့ရဲ့စိတ်ကူးထဲ မင်းသားလေးအဖြစ်တောင် သတ်မှတ်ထားနေကြပါတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ Choi Young Jae  ဟာ လူပျိုတစ်ယောက်မဟုတ် အိမ်ထောင်ကျပြီးပြီဖြစ်ကာ ကလေးနှစ်ယောက်တောင် ထွန်းကားထားသူဖြစ်တယ်လို့ သမ္မတရုံးကနေ အတိအလင်း ထုတ်ပြန်ကြေညာထားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

 Ref:viral4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment