Tesla ဟာ သူတို့ရဲ့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့ အတွက် ဆက်လက်လုပ်ဆောင်နေပါတယ်။ Tesla ရဲ့ ဆိုလာပါဝါသုံး ခေါင်မိုးတွေအတွက် Pre Order မှာယူနိုင်ပြီး ၂၀၁၈ခုနှစ်လောက်မှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ စတုရန်းပေတစ်ပေကို ၂၂ဒေါ်လာလောက်ကျသင့်မှာ ဖြစ်ပါတယ်။
ဒီ အမိုးမှာ အသုံးပြုထားတဲ့ ပစ္စည်းတွေအနေနဲ့ နေရောင်ကနေ အကောင်းဆုံးနဲ့ စွမ်းအင်အမြင့်ဆုံး လျှပ်စစ်ဓာတ်အားတွေကို ထုတ်ယူနိုင်မှာပါ။ Tesla ဟာ နောက်ပိုင်းမှာ ဆိုလာအမိုးတွေကို ပိုမိုကျယ်ပြန့်လာအောင် ကြိုးပမ်းသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။
လက်ရှိမှာလည်း Powerwall ဆိုတဲ့ ဘက်ထရီတွေနဲ့ SolarCity စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ ဒီအစီအစဉ်တစ်ခုအရ ဟာဝိုင်အီမှာရှိတဲ့ ကျွန်းတစ်ကျွန်းမှာလည်း ဆိုလာပြားတွေနဲ့ လျှပ်စစ်ဓာတ်အားပေးခဲ့ပါသေးတယ်။
Bruce
#knowledge.thithtoolwin.com
Ref: The Verge
0 comments:
Post a Comment