Powered by Blogger.

နှစ်ပေါင်း ၂၅နှစ်လောက် သစ်တောတွေပြန်လည်စိုက်ပျိုးရင်း အချိန်ကုန်ဆုံးခဲ့တဲ့ လင်မယားနှစ်ဦး


 ကမ္ဘာကြီးက တစ်နေ့တစ်ခြားဆိုသလို ပိုပိုပြီး ပူနွေးလာပါပြီ။ လူတွေရဲ့ မဆင်မခြင် အပြုအမှုတွေကနေ သဘာဝပတ်ဝန်းကျင်ကို ရိုက်ခတ်လာခဲ့တာဖြစ်ပြီး တောရိုင်းသဘာဝကိုပါ အကျိုးသက်ရောက်စေပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ တောပြုန်းတာတို့ တောရိုင်းတိရစ္ဆာန်တွေ မျိုးတုန်းလာတို့နဲ့ ရင်ဆိုင်နေရပြီး ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့အရေးမှ ကာကွယ်ပေးနိုင်ဖို့ လူနှစ်ဦးမှာ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါတယ်။

 သူတို့နှစ်ဦးကတော့ Anil နဲ့ Pamela Malhotra တို့ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ Anil နဲ့ Pamela တို့လင်မယားဟာ သစ်တောသဘာဝကို ချစ်မြတ်နိုးကြတဲ့ စိတ်တူကိုယ်တူတွေဖြစ်ပါတယ်။ တစ်နေ့မှာ Anil ရဲ့ဖခင် ဈာပနအတွက် အိန္ဒိယနိုင်ငံကို သူတို့လင်မယားနှစ်ဦး ရောက်ရှိလာခဲ့ပါတယ်။ သူတို့ အိန္ဒိယနိုင်ငံကို ရောက်ရှိလာချိန်မှာ သစ်တောများကို ဖျက်ဆီးနေခြင်းများနဲ့ ကြုံတွေ့လိုက်ရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေဖြစ်လို့ သူတို့နှစ်ဦးရဲ့စိတ်ထဲမှာ သူတို့နိုင်သလောက်လေးတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ချင်စိတ်တွေ တစ်စစနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမေရိကန်က နေအိမ်ကိုရောင်းချပြီး အိန္ဒိယနိုင်ငံမှာ သစ်တောတွေ ပြန်လည်စိုက်ပျိုးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

 ဒီလိုနဲ့ Anil နဲ့ Pamela တို့နှစ်ဦးဟာ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့အတွက် မြေနေရာလိုက်ရာရင်း အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ခရိုင်က သီးနှံစိုက်ပျိုးဖို့ မဖြစ်ထွန်းမြေ ၅၅ဧကကို ဝယ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါနဲ့ပဲ Pamela တို့လင်မယားနှစ်ဦးဟာ ဒီမြေပေါ်မှာ စိုက်ပျိုးလို့ရနိုင်မယ့် သစ်ပင်ပန်းမံများကို စတင်စိုက်ပျိုးလာခဲ့ပါတယ်။ ဒီလို စိုက်ပျိုးရင်း ဘေးက တခြားလယ်ဧကများကို ဝယ်ယူခဲ့ရာ အခုဆို Pamela တို့ရဲ့သစ်တောအကျယ်အဝန်းက ဧကသုံးရာလောက်တောင် ရှိသွားပြီဖြစ်ပါတယ်။

 ဆယ်စုနှစ်နှစ်ခုခွဲလောက် အချိန်ယူပြီး လင်မယားနှစ်ဦးထဲ တတ်ညီလက်ညီ ဆောင်ရွှက်လာခဲ့တာ အခုဆိုရင် Save Animals Initiative (SAI) ဘေးမဲ့တောလေးအဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။ ဒီဘေးမဲ့တောထဲမှာ သစ်ပင်များစွာ အန္တရာယ်မရှိတဲ့ တောရိုင်းတိရစ္ဆာန်များနဲ့ မျိုးတုန်းအန္တရာယ် ရင်ဆိုင်နေရတဲ့ တောရိုင်းတိရစ္ဆာန်များစွာ ရှိလို့နေပြီဖြစ်ပါတယ်။ တစ်ဖက်က သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေသူတွေ ရှိနေကြသလို တစ်ဖက်မှာလည်း Pamela တို့လင်မယားလို သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထူထောင်နေတဲ့ စေတနာ့ဝန်ထမ်းများလည်း ရှိဖို့လိုအပ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment