Powered by Blogger.

ခက်ခက်ခဲခဲ ခွဲစိတ်မှုခံယူခဲ့ရတဲ့ ခေါင်းတစ်လုံးအပိုပါ ကလေးငယ်လေး



 အိန္ဒိယနိုင်ငံက ခွဲစိတ်ဆရာဝန်များအနေနဲ့ ဦးခေါင်းတစ်လုံး အပိုပါဝင်လာခဲ့တဲ့ မွေးခါစကလေးငယ်လေးတစ်ဦးရဲ့ အသက်ကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပြီး အပိုပါလာတဲ့ ဦးခေါင်းကို ဖယ်ရှားပေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

 အလေးချိန်အားဖြင့် ငါးပေါင်ခန့်သာရှိတဲ့ ကလေးငယ်လေးဟာ မိန်းကလေးဖြစ်ပြီး အိန္ဒိယနိုင်ငံက ကျေးရွာလေးတစ်ရွာမှာနေထိုင်တဲ့ လယ်သမားလင်မယားကနေ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ ဒီကလေးငယ်ကို ဗိုက်ခွဲမွေးဖွားခဲ့ရတာဖြစ်ပြီး ဆရာဝန်များအနေနဲ့ ကလေးငယ်ကို စမြင်လိုက်ရတဲ့အခါမှာတော့ လုံးဝကိုကြက်သေသေသွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးငယ်လေးရဲ့ ညာဘက်ရင်ဘတ်နားကနေ ဦးခေါင်းတစ်လုံး အပိုပါလာခဲ့လို့ဖြစ်ပြီး ထိုဦးခေါင်းအပိုမှာလည်း ပုံမှန်မဟုတ်တဲ့ မျက်လုံးတွေ ၊ နားတွေ ၊ နှုတ်ခမ်းနဲ့ နှာခေါင်းတို့ပါဝင်နေပါတယ်။ ဒီလို ထူးခြားတဲ့ အခြေအနေများကြောင့် ကလေးငယ်လေးကို အထူးကုဆေးရုံကြီးကို ပို့သလိုက်ရပြီး စိတ်ချသေချာတဲ့ ခွဲစိတ်ကုသမှုကို ခံယူခိုင်းလိုက်ပါတယ်။

 ဆေးရုံကြီးအရောက်မှာတော့ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများက ကလေးငယ်လေးရဲ့ ဦးခေါင်းအပိုကို ဖယ်ရှားဖို့အတွက် ရှုပ်ထွေးလှတဲ့ ခွဲစိတ်မှုတွေကို လေးနာရီကျော်ကြာတဲ့အထိ ပြုလုပ်လိုက်ရပြီးနောက် ခွဲစိတ်မှုအောင်မြင်သွားခဲ့ပါတယ်။ အခုဆို ကလေးငယ်လေးဟာ သာမာန်ကလေးငယ်တစ်ယောက်လို ပြန်လည်ဖြစ်သွားပြီဖြစ်ပြီး မိခင်နို့ရည်ကိုလည်း တိုက်ကျွေးလို့ရပြီဖြစ်ပါတယ်။

ကလေးငယ်ရဲ့မိဘတွေကတော့ ကိုယ်ဝန်ကို ဓါတ်မှန်ရိုက်ကြည့်တုန်းက အမြွှာကိုယ်ဝန်ကို လွယ်ထားရနေပြီလို့ ထင်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ကပ်ပါးအမြွှာလို့ခေါ်တဲ့ အခုလိုအဖြစ်အပျက်မျိုးဟာ အတော်လေးကို ဖြစ်ခဲလှပြီး အမြွှာသန္ဓေသားနှစ်ခုထဲမှာမှ တစ်ခုက ကောင်းမွန်စွာ ဖွံဖြိုးပြီး တစ်ခုက ဖွံဖြိုးမှုနှေးကွေးတဲ့အခါဖြစ်မျိုးတွေမှာ ဖြစ်ပေါ်တတ်လေ့ရှိပါတယ်။ ဒီလို ဖြစ်ပေါ်သွားခဲ့ရတဲ့ ကလေးငယ်မလေးရဲ့ ခွဲစိတ်မှုကုန်ကျစရိတ်အားလုံးကို ခွဲစိတ်ဆရာဝန်ကြီးများက လုံးဝကောက်ခံခြင်းမရှိပဲ စေတနာနဲ့သာ ကုသပေးလိုက်တယ်လို့လည်း သိရှိရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment