Powered by Blogger.

ဆိုင်ကယ်လာဝယ်လိုက်တဲ့ ပေတိပေစုတ် အဘိုးအိုကြီးကြောင့် လူအများအပြား အံသြသွားခဲ့ရ



 စာအုပ်တစ်အုပ် ကောင်းမကောင်းဆိုတာ စာအုပ်အဖုံးကိုကြည့်ရုံနဲ့တင် ဆုံးဖြတ်လို့မရဘူးဆိုတဲ့ စကားလုံးကို ကြားဖူးကြလိမ့်မယ်ထင်ပါတယ်။ ဒီစကားရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကတော့ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်နေသဘောထား အကျင့်စရိုက်များကို သူရဲ့ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး မဆုံးဖြတ်သင့်ဘူးဆိုတဲ့ သဘောကိုဆောင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လူသားများကတော့ အခုထက်ထိတောင်အောင် သွင်ပြင်လက္ခဏပေါ်မှာပဲ ဆုံးဖြတ်ချက်တွေ ချနေကျတုန်းပဲဖြစ်ပါတယ်။

 အခုဖော်ပြပေးသွားမယ့် သတင်းအကြောင်းအရာလေးဟာလည်း လူတစ်ဦးရဲ့အသွင်အပြင်ကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြတဲ့လူတွေ အံ့အားသင့်သွားရတဲ့အကြောင်းပါပဲ။ ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံ ဆန်ဘူရီခရိုင်က Maxsingburibigbike မော်တော်ဆိုင်ကယ် အရောင်းဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီဆိုင်အတွင်းကို အသက်ခပ်ကြီးကြီး အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်ထားတဲ့ အဘိုးကြီးတစ်ယောက် ဝင်လာခဲ့ပါတယ်။ ဒီလူကြီးရဲ့စုတ်ပြာနှံချတဲ့ အသွင်အပြင်ကြောင့် ဆိုင်ကယ်အရောင်းဝန်ထမ်းများက လာရောက်မေးမြန်းခြင်းမရှိပဲ လျစ်လျူရှုထားကြပါတယ်။ အဘိုးအိုကြီးမှာလည်း သူသဘောကျဟန်ရှိနေတဲ့ ထိုင်းငွေ ဘတ်ခြောက်သိန်းခန့်ရှိတဲ့ Harley Davidson ဆိုင်ကယ်ကြီးနားမှာ ရစ်သီရစ်သီလုပ်နေပါတယ်။

 ဒီအချိန်မှာတော့ ဆိုင်ကယ်အရောင်းဝန်ထမ်းက အဘိုးကြီးကို လာရောက်မေးမြန်းရင်းနဲ့ ဆယိမိနစ်ကြာလောက် စကားပြောပြီးနောက်မှ အဘိုးကြီးဟာ သူသဘောကျနေတဲ့ Harley Davidson ဆိုင်ကယ်ကြီးကို ဘတ်ခြောက်သိန်းနဲ့ တစ်ပြားမှမဆစ်ပဲ ဝယ်ယူသွားလိုက်ပါတယ်။ အရောင်းဝန်ထမ်း ဆိုင်ပိုင်ရှင်နဲ့ ဈေးဝယ်နေသူများပါ ထိုအဘိုးကြီးရဲ့ ဆိုင်ကယ်ဝယ်ယူမှုကို အံ့အားသင့်ခဲ့ရပါတယ်။ သူတို့အားလုံး ထင်ထားကြတာက ဒီအဘိုးကြီးဆီမှာ ပိုက်ဆံတပြားမှတောင် ပါလာမှာမဟုတ်ဘူးလို့ ထင်ထားကြတာဖြစ်ပါတယ်။

 တကယ်တော့ ဒီအဘိုးကြီးဟာ ချမ်းသာသူတစ်ယောက်မဟုတ်ပေမယ့် ဝပ်ရှော့ဆရာတစ်ယောက် အနှစ်နှစ် အလလက လုပ်ကိုင်ရရှိထားတဲ့ ပိုက်ဆံများကို စုဆောင်းထားပြီး သူအနှစ်သက်ဆုံး ဆိုင်ကယ်ကို လာရောက်ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒါကို လူတွေက သူရဲ့အသွင်အပြင်ကြောင့် သူကိုအထင်သေးခဲ့ကြတာဖြစ်ပါတယ်။ တကယ်တော့ ရုပ်ရည်အသွင်အပြင်ထက် အတွင်းစိတ်နေသဘောထားကသာ အရေးကြီးဆုံးဆိုတာ နားလည်သဘောပေါက်နိုင်ကြပါစေခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Elitereaders

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment