Powered by Blogger.

ရဲစခန်းက အလိုရှိနေတဲ့ ကြောင်အမွှေးလိုက်ရိတ်နေသူတစ်ဦး


 အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ အိမ်မွေးကြောင်တွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး ခန္ဓာကိုယ်က အမွှေးအမျှင်များကို ရိတ်ပစ်နေတဲ့ ထူးခြားတဲ့လူတစ်ဦးရှိနေကြောင်း ရဲတပ်ဖွဲ့ဝင်များရဲ့ ထုတ်ပြန်ပြောဆိုချက်အရ သိရှိထားရပါတယ်။

 အဆိုပါ အူကြောင်ကြောင်နိုင်တဲ့ အမည်မသိလူတစ်ဦးကြောင့် ဗာဂျီးနီယားပြည်နယ် ဝိန်းစ်ဘိုရိုဒေသမှာ နေထိုင်သူများဟာ အလွန်အမင်းကို စိတ်ပျက်နေကြရပြီး သူတို့ကြောင်တွေလို အခြားအိမ်နီးချင်းတွေရဲ့ ကြောင်များလည်း အမွှေးအပြောင်အရိတ်မခံရစေဖို့အတွက်ပါ သတိပေးဆိုင်းဘုတ်တွေ လမ်းမပေါ်မှာ စိုက်ထူထားရပါတယ်။ ရဲတပ်ဖွဲ့ဝင်များရဲ့ ထုတ်ဖော်ပြောဆိုချက်အရ တရားခံဟာ သင်တုန်းဓါးကို အသုံးပြုပြီး ကြောင်တွေရဲ့ ခန္ဓာကိုယ်ပေါ်က အမွှေးတွေကို အပြောင်ရိတ်ပစ်နေတာလို့ သိရပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ကြောင်ပိုင်ရှင်တစ်ဦးက " သူသာ စကားပြောတတ်ရင် သူဘယ်လောက်နာကျင်နေကြောင်း ကျွန်မကို ထုတ်ပြောမှာ သေချာပါတယ်။ သူမက အရမ်းကိုနှစ်လိုဖွယ်ကောင်းပြီး သူကိုကိုင်ထားမယ်ဆို ငြိမ်ငြိမ်လေး နေနေတတ်တာ။ အခုဆို ဘယ်သူလာကိုင်ကိုင် သူအကိုင်မခံတော့ပါဘူး။ ဒါက သူဘယ်လောက်နာကျင်နေရသလဲဆိုတာကို ပြသနေတာပဲ " လို့ ပြောဆိုသွားခဲ့ပါတယ်။

 အခုလို ကြောင်တွေကို အမွှေးအမျှင် လိုက်ရိတ်နေတဲ့ ခပ်ကြောင်ကြောင်ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်အထိ မဖမ်းဆီးနိုင်သေးတဲ့ ကြောင်အမွှေးရိတ်သူလက်ချက်ကို ကြောင်ခုနှစ်လောက်ကောင်ကို ခံစားထားရပြီဖြစ်ပြီး ထိုကြောင်တွေကို တိရစ္ဆာန်တွေ ဝတ်ဆင်နိုင်တဲ့ အဝတ်အစားတွေ ဆင်ယင်ပေးထားရတယ်လို့ သိရှိရပါတယ်ခင်ဗျာ။

VitamiN


#knowledge.thithtoolwin.com

Ref: Unexplained

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment