Powered by Blogger.

ခွဲစိတ်မှုမပြုလုပ်ခင် သီချင်းဆိုပြပြီး စိတ်သက်သာအောင်လုပ်ပေးတတ်တဲ့ တိရစ္ဆာန်ကုဆရာဝန်



 အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ ဆေးရုံတစ်ရုံက တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဟာ သူခွဲစိတ်ကုသပေးရမယ့် အိမ်မွေးခွေးလေးတစ်ကောင်ကို ခွဲစိတ်ကုသမှုမပြုလုပ်ခင်မှာ စိတ်ငြိမ်စေဖို့အတွက် သူရဲ့ဂီတစွမ်းရည်နဲ့ ချော့မော့ပေးနိုင်ခဲ့ပါတယ်။

 ဒီဖြစ်ရပ်လေးဟာ ကော်လိုရာဒိုပြည်နယ်က Fox Hollow တိရစ္ဆာန်ကုဆေးရုံမှာ ဖြစ်ပွားသွားခဲ့တာဖြစ်ပြီး တိရစ္ဆာန်တစ်ကောင်ကို စိတ်ငြိမ်သွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဒေါက်တာ Ross Henderson ရဲ့စွမ်းရည်ကို ဗီဒီယိုရိုက်ကူးပြီး Fox Hollow ဆေးရုံရဲ့ Facebook စာမျက်နှာပေါ်မှာ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ ဒေါက်တာ Ross Henderson က Ruby လို့အမည်ရတဲ့ ခွေးမလေးကို ခွဲစိတ်မှုမပြုလုပ်ခင် သူရဲ့ခန္ဓာကိုယ်ပေါ်မှာထားရှိပြီး နာမည်ကျော်အဆိုတော်ကြီး Elvis Presley ရဲ့ ဂန္တဝင်အမြောက်ဆုံးသီချင်း "Can't Help Falling in Love" ကို သီဆိုပြီး စိတ်ငြိမ်သွားအောင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒေါက်တာ Ross Henderson ရဲ့ ဂီတစွမ်းရည်ကြောင့် ခြောက်လသားအရွှယ်ရှိ ခွေးမလေး Ruby မှာလည်း စိတ်သက်သာရာရသွားပြီး သီချင်းဆိုကောင်းတဲ့ ဒေါက်တာရဲ့ပေါင်ပေါ်မှာပါ ဇိမ်လေးနဲ့အိပ်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုဖိုင်လေးမှာ အင်တာနက်စာမျက်နှာတွေပေါ်မှာ လူကြိုက်များခဲ့ရပြီး ကြည့်ရှုသူဦးရေပေါင်း လေးသိန်းခွဲလောက်အထိ ရောက်ရှိသွားခဲ့ပါတယ်။

 သူရဲ့အပြုအမှုနဲ့ပတ်သက်ပြီး ဒေါက်တာ Ross Henderson က " ခွေးလေးတွေက သူတို့ရဲ့အချိန် ၉၉% ခန့်လောက်ကို အိမ်မှာပဲရှိနေတတ်ကြတာ။ ကိစ္စတစ်ခုခုကြောင့် ကျွန်တော်တို့ဆေးရုံဆီ ရောက်ရှိလာတဲ့အခါကျရင်လည်း ဒီနေရာဟာ သူတို့ရဲ့အိမ်လို နွေးထွေးမှုပေးနိုင်တဲ့ နေရာမျိုးဖြစ်အောင် ကျွန်တော်တို့ဘက်ကနေ ဖန်တီးပေးရပါတယ်။ ပြီးတော့ ဂရုစိုက်ပေးခြင်းနဲ့ တေးဂီတနှစ်ရပ်ကို ပေါင်းစပ်လိုက်ပြီး သူတို့တွေကို ဝန်ဆောင်မှုပေးလိုက်တယ်။ ဒီအရာနှစ်ခုက သူတို့တွေကို စိတ်သက်သာရစေတယ်လေ။ ဒီလိုမျိုးတွေ ပြုလုပ်ပေးပြီးရင်တော့ ခွဲစိတ်ကုသဖို့အတွက် သူတို့ဘက်က အဆင့်သင့်ဖြစ်သွားပါတော့တယ် " လို့ ပြောဆိုရှင်းလင်းသွားခဲ့ပါတယ်။

VitamiN

#knowledge.thithtoolwin.com

Ref: Odd News
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment