El Capitan တောင်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က Yosemite အမျိုးသားဥယျာဉ်ထဲမှာ တည်ရှိတဲ့ အလွန်မာကျောပြီး မတ်စောက်တဲ့ တောင်ကြီးတစ်ခုဖြစ်ပါတယ်။ ပေပေါင်းသုံးထောင်လောက် မြင့်မားတဲ့ El Capitan တောင်ဟာ မတ်စောက်လှပြီး တတ်ရခက်တဲ့ တောင်တစ်တောင်ဖြစ်တာကြောင့် တောင်တတ်သမားတွေအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပါတယ်။ ဒါပေမယ့် ဘယ်လိုမှမဖြစ်နိုင်တဲ့ စိန်ခေါ်မှုတစ်ရပ်ကိုတော့ လူတစ်ဦးက ဖော်ဆောင်ပြသွားနိုင်ခဲ့ပါတယ်။
သူ့နာမည်ကတော့ Alex Honnold ဖြစ်ပါတယ်။ အသက် ၃၁နှစ်အရွှယ်ရှိ Alex Honnold ဟာ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ကျွမ်းကျင်တောင်တတ်သမားတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ဘယ်တောင်တက်သမားမှ မရေးထိုးနိုင်သေးတဲ့ သမိုင်းတွင်စံချိန်တစ်ခုကို ကြိုးစားပမ်းစားနဲ့ကို ရေးထိုးပြသွားနိုင်ခဲ့သူဆိုလည်း မမှားပါဘူး။ Alex Honnold က တောင်တတ်သမားတိုင်း ခက်ခဲပင်ပန်းကြီးစွာ ကြိုးစားတတ်ယူရတဲ့ El Captain လို မတ်စောက်တဲ့ တောင်ကြီးပေါ်ကို တောင်တတ်ကြိုးနဲ့ တခြားတန်ဆာပလာတွေ လုံးဝယူဆောင်သွားခြင်းမရှိပဲ မြေဖြူမှုန့်ကိုသာ အသုံးပြုပြီး လက်ချည်းသက်သက်နဲ့ တတ်ပြသွားခဲ့တာဖြစ်ပါတယ်။
Alex က သူရဲ့သမိုင်းတွင်မယ့် ကြိုးစားမှုအတွက် ဘေးအန္တရာယ်ကင်းအောင်နိုင်နဲ့ အဆုံးထိအောင်မြင်မှုရှိအောင် နေ့စဉ်တိုင်းလိုလို El Captain တောင်ကြီးပေါ်ကို အစမ်းတတ်ကြည့်ခဲ့ပြီး ဘယ်နေရာမှာ ခြေကုပ်ယူရမလဲ ဘယ်နေရာမှာတော့ လက်နဲ့ကုပ်တတ်နိုင်မလဲဆိုတာကို အမြဲလေ့ကျင့်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုတွေကပဲ Alex ကို ကမ္ဘာ့အတော်ဆုံး တောင်တတ်သမားတစ်ဦး ဖြစ်လာစေခဲ့ရပါတယ်။
အာဂတောင်တတ်သမား Alex Honnold ဟာ ပြီးခဲ့တဲ့စနေနေ့က El Captain တောင်ကို တတ်ခဲ့တာဖြစ်ပြီး ၃နာရီနဲ့ ၅၆မိနစ်အကြာမှာ တောင်ထိပ်ပေါ်ကို အောင်အောင်မြင်မြင်နဲ့ တတ်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ " ဒီလို အကူအညီမပါပဲ တောင်တတ်တာက အရမ်းအန္တရာယ်များမှန်း ကျွန်တော်သိပါတယ်။ ကြောက်စရာလည်းကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီကြောက်စိတ်က ကျွန်တော့်ကို အကူအညီဖြစ်စေတာမဟုတ်ဘူး။ ကြောက်စိတ်က ကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုကိုပဲ နှောင့်နှေးစေတာ။
ဒီတော့ ကြောက်စိတ်ကိုဖယ်ပြီး လုပ်စရာရှိတာကိုပဲ အကောင်းဆုံးဆက်လုပ်ခဲ့တယ် " လို့ Alex က သူရဲ့အတွေ့အကြုံများကို National Geographic နဲ့ဆုံတိုင်း ရှင်းပြသွားခဲ့ပါတယ်။ သိပ္ပံပညာရှင်များရဲ့ လေ့လာမှုအရတော့ သတ္တိကောင်းလွန်းတဲ့ တောင်တတ်သမား Alex ဆီမှာ သာမာန်လူတွေမှာရှိတဲ့ ကြောက်စိတ်နဲ့ အနည်းငယ်ခြားနားမှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref: Oddit
0 comments:
Post a Comment