Powered by Blogger.

တရုတ်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ ပေခြောက်ဆယ်ရှိ နဂါးအရိုးစုများ




အသက်မဲ့နေတဲ့ နဂါးတစ်ကောင်ရဲ့ အရိုးတွေလို့ ယူဆနိုင်တဲ့ အရိုးစုများကို တရုတ်နိုင်ငံက ကျေးရွာတစ်ခုမှာနေထိုင်တဲ့ ရွာသူရွာသားများက တွေ့ရှိခဲ့ရတာပြီး ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်တဲ့ နဂါးတွေ ပြင်ပလောကမှာပါ တကယ်ရှိနေတာလားဆိုတာ စဉ်းစားရာတွေ ဖြစ်လာခဲ့ရပါတယ်။

 အဆိုပါ အရိုးစုကြီးဟွှာအရှည်အားဖြင့် ပေခြောက်လောက် ရှည်လျားနေပြီး ခန္ဓာကိုယ်နဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ လက်မောင်းရိုးတစ်စုံကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ထူးခြားတာကတော့ ဒီအရိုးစုရဲ့ ဦးခေါင်းခွံဟာ နွားတစ်ကောင်ရဲ့ ဦးခေါင်းခွံနဲ့ အတော်လေးကို ဆင်တူနေလျက်ရှိတယ်လို့ သိရပါတယ်။

ထိုအရိုးစုကို တရုတ်နိုင်ငံမြောက်ပိုင်း Hebei စီရင်စုရှိ Zhangjiakou ကျေးရွာလေးက လယ်ကွင်းတစ်ခုမှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ အခုလက်ရှိထိတော့ ဒီအရိုးစုဟာ လူတွေသတ်မှတ်နေကြသလို နဂါးတစ်ကောင်ရဲ့ အရိုးစုလားဆိုတာကို အတည်မပြုနိုင်သေးတဲ့အပြင် ဦးခေါင်းခွံက နွားတစ်ကောင်နဲ့ တူနေတာကြောင့် ရုပ်ရှင်အတွက် အသုံးပြုထားတဲ့ နဂါးအရိုးတုတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် ရွာသားတွေကတော့ ဒီအရိုးစုတွေကို နဂါးအရိုးလို့သာ ယုံကြည်နေလျက်ရှိပြီး ပြင်ပလောကမှာပါ နဂါးတွေရှိနေလိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။

တရုတ်နိုင်ငံရဲ့ ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ www.wukong.com ကတော့ အဆိုပါ အရိုးစုဟာ တစ်စုံတစ်ယောက် ပြုလုပ်ထားတဲ့ နောက်ပြောင်မှုသက်သက်သာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ တရုတ်ဒဏ္ဍာရီလာ နဂါးတွေဟာ အနောက်တိုင်းဘက်က ယူဆထားတဲ့ နဂါးပုံစံနဲ့ ကွဲလွဲမှုရှိပြီး တရုတ်နဂါးတွေက အတောင်ပံတွေမပါပဲ လေပေါ်မှာ မြွေတစ်ကောင်လို တွန့်လူးသွားလာတတ်ကြတာဖြစ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။


VitamiN

#knowledge.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment