Powered by Blogger.

ကာတာမှာ အလုပ်လုပ်ကိုင်ဖို့ သွားရောက်ခဲ့တဲ့ အမျိုးသမီး ကျောက်ကပ်ထုတ်ယူခြင်းခံခဲ့ရကြောင်း ဝန်ခံပြောဆို



 နိုင်ငံတကာမီဒီယာများကနေ ဆင်းရဲတဲ့အာရှတိုက်ဒေသက ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ အရှေ့အလယ်ပိုင်းဒေသလို နေရာမျိုးတွေမှာ အခက်အခဲပေါင်းများစွာနဲ့ အလုပ်အကိုင်လုပ်ကိုင်နေရကြောင်းကို ရေးသားဖော်ပြခဲ့ဖူးပါတယ်။

သို့ပေမယ့် အလုပ်ရှင်များက အလုပ်သမားတွေကို လိမ်ညာလှည့်ဖျားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ခိုးယူခဲ့မှုတွေကိုတော့ သိပ်ဖော်ပြနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ အခုမှာတော့ အင်ဒိုနီးရှားနိုင်ငံသူတစ်ယောက်က သူမကိုလိမ်ညာပြီး ကျောက်ကပ်ထုတ်ယူခဲ့တဲ့ အလုပ်အကိုင်အေဂျင်စီတစ်ခုကို ဖော်ထုတ်သွားခဲ့ပါတယ်။

 အသက် ၂၅နှစ်အရွှယ်ရှိသူ Sri Rabitah ဟာ ၂၀၁၄ခုနှစ်တုန်းက သူတို့ဒေသတွင်းမှာရှိတဲ့ အလုပ်အကိုင်အေဂျင်စီတစ်ခုမှာ နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်လိုကြောင်း လျှောက်လွှာတင်ခဲ့ပါတယ်။ အလုပ်လုပ်ခွင့်ရသွားတဲ့အခါမှာတော့ အေဂျင်စီက သူမကို ယူအေအီးမိသားစုတစ်စုစီမှာ အလုပ်လုပ်ရမယ်လို့ ပြောဆိုခဲ့ပေမယ့် ကာတာနိုင်ငံ ဒိုဟာမြို့ကို ရောက်သွားတဲ့အခါမှာတော့ ပါလက်စတိုင်းမိသားစုအိမ်မှာသာ အလုပ်လုပ်ရမယ်လို့ ပြောင်းလဲစီစဉ်ခဲ့ပါတယ်။



ကာတာနိုင်ငံကို စတင်ရောက်ရှိချိန်မှာ အေဂျင်စီမှတာဝန်ရှိသူက Sri Rabitah ကို အလုပ်လုပ်ရမယ့်နေရာဆီ ခေါ်မသွားခင် Sri ဆီမှာ ကျန်းမာရေးချို့ယွင်းချက် တစ်စုံတစ်ရာ ရှိမရှိစစ်ဆေးဖို့အတွက် ဆေးရုံတစ်ခုကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဆေးရုံကိုရောက်ရှိချိန်မှာတော့ ဆရာဝန်တစ်ဦးက Sri ကို စစ်ဆေးရင်းနဲ့ အရမ်းအားနည်းနေသလိုဖြစ်နေလို့ အားဆေးတစ်လုံးထိုးဖို့လိုကြောင်း ပြောဆိုပြီး ဆေးတစ်လုံးကို Sri ရဲ့ ခွင့်ပြုချက်တောင် မရယူပဲ ထိုးသွင်းခဲ့ပါတယ်။ တကယ်တော့ Sri ကို ထည့်သွင်းလိုက်တဲ့ ဆေးတွေဟာ မေ့ဆေးတွေသာ ဖြစ်နေပါတယ်။

 မေ့ဆေးဒဏ်ကြောင့် အချိန်တော်တော်ကြာ မေ့နေရာကနေ ရုတ်တရက်သတိရလာတဲ့အခါမှာ Sri ရဲ့ ညာဘက်ကျောကုန်းနေရာကနေ ဆိုးဆိုးရွှားရွှား နာကျင်နေတာကို ခံစားခဲ့ရပါတယ်။ ပိုဆိုးတာကတော့ ဆီးသွားတဲ့အခါမှာ သွေးတွေပါ ပါဝင်လာပါတယ်။ ဒီအခြေအနေကိုကြည့်ပြီး အလုပ်ရှင်က Sri မှာ ရောဂါတစ်စုံတစ်ရာ ရှိနေတာကြောင့် သူတို့ဆီမှာ အလုပ်လုပ်ကိုင်ဖို့ လက်မခံနိုင်တော့ကြောင်း ပြောဆိုပြီး Sri ကို နေရပ်ပြန်ပို့ဖို့ စီစဉ်ပါတယ်။ ဒါနဲ့ Sri ဟာ ဘုမသိဘမသိနဲ့ သူရဲ့နေရပ်မြေကို ပြန်သွားခဲ့ရပါတယ်။

 အင်ဒိုနီးရှားကို ပြန်ရောက်တဲ့အခါမှာတော့ Sri ဟာ သူရဲ့ကျန်းမာရေး အခြေအနေကို သံသယဖြစ်လာလို့ စစ်ဆေးမှုပြုလုပ်တဲ့အခါမှ သူမဆီမှာ ကျောက်ကပ်တစ်လုံး မရှိတော့တာကို သိရှိခဲ့ရပါတယ်။ အခုဆို Sri ဟာ ခိုးယူခံထားရတဲ့ ကျောက်ကပ်နေရာမှာ အစားထိုးသွားခဲ့တဲ့ ပြွန်တစ်ခုကို ပြန်လည်ထုတ်ယူဖို့ ခွဲစိတ်မှုခံယူနေရပြီး သူမကိုရိုင်းစိုင်းစွာ လိမ်ညာလှည့်ဖျားခဲ့တဲ့ အလုပ်အကိုင်အေဂျင်စီမှ Sri ရဲ့ ခွဲစိတ်မှုကုန်ကျစရိတ်ကို တာဝန်ယူပေးဖို့ အင်ဒိုနီးရှားအစိုးရက အမိန့်ချထားပါတယ်။ Sri ကတော့ သူမအခုလို မလိမ့်တပတ် အလုပ်ခံလိုက်ရတာဟာ ပညာမတတ်ခြင်းကြောင်းဖြစ်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Src : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments: